တရုတ်နိုင်ငံမြောက်ပိုင်းတွင်အအေးလွန်ကဲ တောင်ပိုင်းတွင်မိုးများရွာသွန်း

   တရုတ်နိုင်ငံမြောက်ပိုင်းတွင် အအေးလှိုင်းများဖြတ်သန်းလျက်ရှိပြီး လေပြင်းများတိုက်ခတ်လျက်ရှိကာ ဖုန်များနှင့်အမှိုက်များ လေထဲတွင်မျောပါလျက်ရှိကြောင်း အမျိုးသား မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

   ထို့ပြင် တောင်ပိုင်းဒေသများတွင်မူ မိုးများရွာသွန်းလျက်ရှိပြီး နောက်ထပ် သုံးရက်ခန့်ဆက်လက်ရွာသွန်းဦးမည်ဟု  ခန့်မှန်းထားကြောင်းဖြင့်  အဆိုပါဌာနက ထုတ်ပြန်ကြေ ညာခဲ့သည်။

   အအေးလှိုင်းဖြတ်သန်းမှုသည် မွန်ဂိုလီးယား အတွင်းပိုင်းဒေသဖြစ်သည့်  ယန်ကျင်းဒေသ၊   တရုတ်နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင်မူ မတ်လ ၂၆ရက်မှ ၂၈ ရက်အထိ အအေးလွန်ကဲနေဦးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံမိုးလေဝသ  ခန့်မှန်းလေ့လာနေသူများကပြောကြားခဲ့သည်။

   ထို့ပြင် လေပြင်းများတိုက်ခတ်မှုကြောင့် သဲမုန်တိုင်းများဖြစ်ပေါ်ကာ လေထုထဲတွင် ဖုန်မှုန့်များ၊ အမှိုက်များလွင့်ပါလျက်ရှိကြောင်း အဆိုပါ သတင်းတွင်ဖော်ပြထားသည်။ အပူ ချိန်များသည် နေ့စဉ်ဆိုသလို ကျဆင်းလျက်ရှိပြီး (-၄)ဒီဂရီဆဲလ် ဆီးယပ်စ်မှ (-၆)ဒီဂရီဆဲလ်ဆီးယပ်စ်သို့ကျဆင်းလျက်ရှိသည်ဟုဆိုသည်။

   သို့သော် တရုတ်နိုင်ငံတောင်ပိုင်း ဒေသများဖြစ်သည့် ကွေ့ကျိုးနှင့် ဟူနန် ပြည်နယ်တို့တွင် မိုးများသည်းထန်စွာရွာသွန်းလျက်ရှိကြောင်း၊ မိုးသည်ဆက်လက်ရွာသွန်းနိုင် ဖွယ်ရာရှိကြောင်းဖြင့် ခန့်မှန်းခဲ့သည်။

   အမျိုးသားမိုးလေဝသဌာန၏သတင်းထုတ်ပြန်ချက်များအရ မြစ်ဝါမြစ်နှင့်  ဟွေရီမြစ်တစ်လျှောက်တို့တွင် မီးခိုးငွေ့များဖြင့်ဖုံးလွှမ်းလျက်ရှိပြီး အထူးသဖြင့် မြောက်ပိုင်းဒေသ များတွင်မူ မတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အဆိုးရွားဆုံးဖြစ်လာခဲ့ကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။

မယ်သီတာ