ရေတက်လာမှုကြောင့်ဒေသတွင်းငါးမွေးမြူရေးကန်များမှ ငါးကြင်းဈေး မြင့်လာခဲ့

     အသားငါးကဏ္ဍတွင် ငါးကြင်းဈေးကွက်မှာ ပုံမှန်တင်ပို့မှုနဲ့ ဒေသတွင်းမွေးမြူရေးကန်များမှ အလှည့်ကျ ပုံမှန်ထုတ်လုပ်မှုကြောင့် စားသုံးမှုတွင် ငါးဈေးကွက်အတော်လေးငြိမ်သက်ပြီး ပုံမှန်အရောင်းအဝယ်ပြုနေကြောင်း တွေ့ရပါ တယ်။ ယခုလ သြဂုတ်လ ပထမပတ်တွင် မိုးများခြင်း၊ ရေကြီးခြင်းများဖြစ်ပေါ်မှုကြောင့် ချောင်းရေများ စီးဆင်းမှုနည်းကာ၊ မြစ်ရေများ တက်ပြီး၊ ကန်ဖော်မှုများ ခက်ခဲနေခဲ့ပါတယ်။ နေ့စဉ် ဈေးကွက်သို့ ပုံမှန်ထုတ်လုပ်ပေးမှု အခက် အခဲများကြောင့် ငါးကြင်းဈေးတက်လာတာတွေ့ရပါတယ်။ မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ရန်ကုန်မှဝင်ရောက်လာသော ငါးကြင်းပိဿာချိန် ကောင်တွေလည်း အဝင်နည်းခဲ့တာ တွေ့ရပါတယ်။ အခက်အခဲ အမျိုးမျိုးကြောင့် ငါးဈေးေ တွမြင့်တက်လာခြင်းဖြစ်ပါတယ်။ ငါးဈေးကွက်တွင် ယခင်ငါးကြင်းဖြူခုတ်သား ကြီး တစ်ပိဿာဈေး ၄၀၀၀ ကျပ်၊ လတ် ၃၅၀၀ ကျပ်နှင့် ငါးမြစ်ချင်းကြီး ခုတ်သား ၃၀၀၀ ကျပ်၊ လတ် ၂၅၀၀ ကျပ် ဈေးဖြစ်ပြီး ယခုသြဂုတ်လတွင် ငါးကြင်းဖြူ ခုတ်သားကြီး တစ်ပိဿာ ၅၀၀၀ ကျပ်၊ လတ် ၄၀၀၀ ကျပ်နှင့် ငါးမြစ်ချင်း ကြီး ၄၀၀၀ ကျပ်၊ လတ် ၃၂၀၀ ကျပ်နဲ့ ဈေးမြင့်နေပါတယ်။                                    

 

နီနီဝင်း-ပြည်