bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့
 

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂၃-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ(အခွံပါ)၊ ကြက်သွန်နီ၊ ငရုတ်သီး (ခြောက်)၊ ငရုတ်သီး(အစို)၊ နနွင်းတက်၊ ပီလောပီနံနှင့် ဖိနပ် (CMP) များတင်ပို့ခဲ့ပါသည်။ 

bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့
 

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

              ဖေဖော်ဝါရီလ (၂၄) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၂၃.၃၇၇) ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၂၄)ဒေါ်လာသန်း၊ စုစုပေါင်း(၁၈.၉၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၁၂၃.၉၀၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့
 

mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး အတွက် ကုန်ပစ္စည်းစစ်ဆေးမှုများကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။
 

   အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ၂၃-၂-၂၀၂၄ ရက်နေ့တွင် မြေပဲဆံ(အခွံပါ)  ၅၀.၀၀ တန်၊ ကြက်သွန်နီ ၆၆၆.၄၈ တန်၊ ငရုတ်သီး(အခြောက်)  ၈၈.၀၅၆ တန်၊ ငရုတ်သီး(အစို) ၂၇.၀၂၅ တန်၊ နနွင်းတက် ၁၀.၀၀ တန်၊ ပီလောပီနံ (အခြောက်) ၂၉၅.၀၀ တန်နှင့် ဖိနပ် ၁၈၉၀.၀၀ တန်တို့ ဖြစ်ပါသည်။
 

mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်ပို့ခဲ့ သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်) ၇၃.၉၂၆ တန်၊ ကြက်သွန်နီ ၂၂၁.၀၈ တန်၊ ပီလော ပီနံ (အခြောက်) ၁၉၅ တန်၊ ငရုတ်(အစို) ၅၇.၁၂၅ တန်၊ မန်ကျည်းသီး(အစေ့ပါ) ၃၂ တန်၊ ဇီးဖြူသီး (အခြောက်) ၁၇.၈ တန်နှင့် နနွင်းတက် ၁၀ တန်တို့ဖြစ်ပါသည်။
 

bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့
 

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၄၇၅)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၀၄၀)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၅၁၅) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့
 

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၀၃၁.၀၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၇၁၀)သန်းနှင့်သွင်းကုန်တန်ချိန် (၃၅၆.၀၀၀)၊(၇၂၀)U၊(၁၈၈၈၉၆)2U၊ (၇၅၀)BBL တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၇၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၉၈၀) သန်းဖြစ်ပါသည်။