admin_ygn

   မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၁၂ ဘီး ဂျူတီယာဉ်ပေါ်မှ Car Rear Signal Back Lamp ဖြင့် ဂျူတီဆောင် ထားသော်လည်း အမယ်လွဲမှားတင်ဆောင်လာတဲ့ Car Head Lamp တို့အား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အလားတူ ယင်းနေ့ ညနေ ၄နာရီခွဲတွင် ၆ ဘီး ယာဉ်ပေါ်မှ ဂျူတီဆောင် ထားသော်လည်း အမယ်လွှဲတင်ဆောင်လာသော Plastic Aluminium Packing Foil များကို စစ်ဆေးတွေ့ရှိသဖြင့် မူဆယ် Mobile Team အဖွဲ့မှ မူဆယ်မြို့နယ်၊ အကောက်ခွန် ဦးစီးဌာနသို့အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

DCCA

admin_ygn

   ညောင်ခါးရှည်-ဘုရားပျို-ဝေါ ရှောင်ကွင်းလမ်းနံဘေးမှာ စုပုံထားရှိတဲ့ ကျပ်  ၃၁ ဒသမ ၅၀၀ သိန်းတန်ဖိုး ရှိ တရားမဝင်ကန့်သတ်ကုန် Chang Beer ၂၁၀ တာ ( 1 x 24 x 500 မီလီလီတာ)ကို Mobile Team အဖွဲ့ (၂) က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

   Mobile Team  အဖွဲ့ (၂)အား ရှောင်ကွင်း၍ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်စုပုံထားရှိကြောင်း သတင်းအရစေလွှတ် ရှာဖွေရာမှာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA

admin_ygn

   စစ်တောင်းတံတားလမ်းဟောင်း/လမ်းသစ်လမ်းဆုံမှ နှစ်မိုင်ခန့်အကွာ ဒိုက်ဦးမဟာဗျူဟာ လမ်းဘေးမှာ Mobile Team အဖွဲ့အား ရှောင်ကွင်းသယ်ဆောင်ရန် တရားမဝင် ကျွန်း သစ်များ စုပုံထားရှိကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့အား စေလွှတ်ရှာဖွေခဲ့ရာမှာ ဖေဖော်ဝါရီလ ၆ ရက်က တရားမဝင် ကျွန်းသစ်ခွဲသား အရွယ်စုံ၊ ပွတ်လုံးတိုင်များ စုစုပေါင်း သုံးတန်အား ပိုင်ရှင်မဲ့စစ်ဆေးတွေ့ရှိခဲ့သဖြင့်သိမ်းဆည်းပြီး ဝေါမြို့နယ်သစ်တောဦးစီးသို့ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုဖွင့်အပ်နှံနိုင်ရေးဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိကျွန်းခွဲသား ၁ ဒသမ ၃၄၀ တန်၊ ၄၉၅ ချောင်းနဲ့ ကျွန်းပွတ်လုံး ၁ ဒသမ ၂၄၉၈ တန် ၇၂၅ လုံး၊ ခန့်မှန်

admin_ygn

   ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေး-မူဆယ်လမ်းကြောင်း နောင်ချိုယာယီ အခြေပြု  Mobile Team အဖွဲ့ထံဝင်ရောက်စစ်ဆေးခံသော ဖရဲသီးများတင်ဆောင်လာတဲ့ ၁၀ ဘီး Nissan Diesel ယာဉ်အား ရပ်တန့်စစ်ဆေးရာမှာ ဖရဲသီးများအောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ တမလန်းလို့ယူဆရတဲ့ သစ်လုံးများကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ရ တယ်လို့သတင်းရရှိပါတယ်။ ယာဉ်အား အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။

admin_ygn

   ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team  လရ-၂အဖွ့ဲဟာ ဖေဖော်ဝါရီလ၃ ရက်မှ ၆ ရက်ထိလေးရက်တာ ကာလအတွင်း မှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှ ၆ဘီး၊ ၁၂ ဘီး၊၂၂ ဘီး သွင်းကုန်  Duty ယာဉ်များအား စစ်ဆေးစဉ် ယာဉ် ၁၂ စီးပေါ်မှ ID ထက် ပိုမိုသယ်ဆောင်လာသော စားသောက်ကုန် နဲ့ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ရတယ် လို့သတင်းရရှိပါတယ်။ ID ထက်ပိုမို သယ်ဆောင်လာတဲ့ စားသောက်ကုန်များမှာ နာနတ်ဖျော်ရည်၊ Soy  Milk၊ Oyster Sauce၊ Sponsor အချိုရည်၊ ကြာဆံခြောက်

admin_ygn

   ညောင်ခါးရှည်-ဘုရားပျို-ဝေါ ရှောင်ကွင်းလမ်းနံဘေးမှာ Mobile Team အားရှောင်ကွင်း၍ တရားမဝင်ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ရန် စုပုံထားရှိကြောင်း သတင်းရရှိ သဖြင့် စေလွှတ်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်မှာ လမ်းနံဘေးမှာ စုပုံထားတဲ့ တရားမဝင်ကန့်သတ်ကုန်ပစ္စည်းများဖြစ်တဲ့ Beer Chang ဘူးရှည် ၁၃၀ တာ၊ ဘူးတို  ၄၉၅ တာ၊ Diablo Beer ၁၂%  ၁၀၀ တာ စုစုပေါင်း ၇၂၅ တာနဲ့ အကောက်ခွန်မဲ့ Sprite အချိုရည် ၂၅ တွဲကို တွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းသိရပါတယ်။  လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်ခြင်းအား ဆက်လက်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။       &n

admin_ygn

   မောင်တောနယ်စပ် တစ်ဖက်နိုင်ငံမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီနှစ်ခုအကြား နိုင်ငံရေးပဋိပက္ခများကြောင့် နေ့စဉ်လိုလို ဆန္ဒပြမှုများ၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ် လျက်ရှိရာ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ မိမိနိုင်ငံကတင်ပို့တဲ့ ကုန်ပစ္စည်းများအဆင်ပြေစွာသွားလာနိုင်မယ်လို့ မောင်တောနယ်စပ်ကုန်သည်အသင်းဥက္ကဋ္ဌက ဇန်န ဝါရီလအတွက် ပြုလုပ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ လဲမှို့ တန် ၂၇၀ တင်ပို့ခဲ့ပါတယ်။  ယခင်သီတင်းပတ်က တန်ချိန် ၁၀၉၁ တန် တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ  လဲမှို့တင်ပို့မှု ၈၂၁ တန် လျော့နည်းသွားခဲ့သလို ဝါဂွမ်းတင်ပို့မှုမှာလည်း ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၁၂ တန်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဝါစေ့နဲ့ ဝါဂွမ်းဈေးများလျော့ကျပြီး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါပွဲရုံတွေနဲ့ ဝါကြိတ် စက်များမှာ အမြတ်ရရှိမှုနည်းပြီး ဝင်ငွေလည်း လျော့ကျခဲ့ကြောင်း၊ ကုန်ချေ

admin_ygn

  ချန်ဒယ်ခရိုင်မှာ ဇန်နဝါရီလနှောင်းပိုင်းက အာသံတပ်ဖွဲ့ရဲ့မှားယွင်းစွာပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးမှုကို ပြည်နယ်အစိုးရက လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ကူကီးလူ မှု အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ လမ်းပိတ်ဆန္ဒပြမှုများကို ပြည်နယ် တစ်ဝန်းမှာ ငါးရက်ကြာပြုလုပ်ပြီး ကုန်သွယ်ရေးကို အဓိက ထားလမ်းပိတ်ဆန္ဒပြမယ်လို့သိရတဲ့အတွက် စီးပွားရေးလုပ်ငန်း ရှင်များအနေနဲ့ ယာဉ်သွားလာမှုကို ရပ်ဆိုင်းပေးရန်နဲ့ ပြည်သူများအနေနဲ့  ဆန္ဒပြမှုကို ဝိုင်းဝန်းထောက်ခံပါဝင်ပေး ရန် ကူကီးလူမှုအဖွဲ့အစည်းက တိုက်တွန်းထားတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာဖော်ပြထားပါတယ်

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်နဲ့လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၆ဒသမ ၉၄၇ သန်းဖိုးရှိ ဆန် ၁၈၈၀၉ တန်ကျော်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၅ ရက်နေ့ထိမှာ တစ်ဖက်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၀၉၇၇ တန် ၊ ဧည့်မထဆန် ၅၅၃၂ တန်နဲ့ လွယ်ဂျယ်မှ တန်၂၃၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တင်ပို့မှုထက် ၃၂၃၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။