ဌာနတွင်းစီမံခန့်ခွဲမှုပံ့ပိုး နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ

ရုံးချုပ်၊ နယ်စခန်းများတွင် ဌစစာရင်းထည့်သွင်းမှုများအတွက် အသုံးပြုသည့် Accounting Software အသုံးပြု လျက်ရှိပါသည်။

          E-Bis (Employee Bio Data Information System) အသုံးပြု၍ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းထားရှိဆောင်ရွက် လျှက်ရှိပါသည်။

          DEMS (Document Exchange Management System) အသုံးပြု၍ ဝန်ထမ်းများ သိရှိသင့်သည့် ဗဟုသုတဆိုင်ရာ အချက်များ၊ Report တင်ပြမှုစသည်တို့အား တင်ပြဆောင်ရွက် လျှက်ရှိပါသည်။ 

          ပုံသေပိုင် (၉) မျိုးအား စနစ်အသုံးပြု၍ ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် Fixed Assets Reporting System အား ၂၀၂၀ ခုနှစ်တွင် အကောင် အထည်ဖော်ဆောင်ခဲ့ပြီး အချက် အလက်များထည့်သွင်းခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလိုအပ်ချက် အရ update ပြလုပ်လျက် ရှိပါသည်။ 

Website များဖြင့် သတင်းအချက်အလက်များဖြန့်ဝေမှုအခြေအနေ

          Commerce Website, Commerce Journal Website, National Trade Portal Website, Services Portal Website, Competition Website များတွင် အများပြည်သူ/ ကုန်သည်လုပ်ငန်းရှင်များအတွက် ဌာနမှထုတ်ပြန်သည့် အချက်များအပါအဝင် သတင်းအချက် အလက်/ကုန်သွယ်မှုစာရင်း/ဝန်ဆောင်မှုများအတွက် သတင်းအချက်အလက်စသည်တို့အား အချိန်နှင့် တပြေးညီတင်ပြပေး လျက်ရှိပါသည်။