လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁၃သိန်းနီးပါး အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ကမ္ဘာ့ရွှေဈေးသည် လက်ရှိတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၀အထိ အတက်ပြနေပြီး ကိုးနှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေ သည့်အတွက် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးလိ
ယခုတစ်ပတ်အတွင်း ပြည်ပွဲရုံများတွင် ကြက်သွန်ဖြူများ အရောင်းအဝယ်အေးပြီး ဈေးအနည်းငယ်ကျနေသည်ကို တွေ့ရသည်။ အဝင်ပုံမှန်ဝင်ရောက်နေပြီး ခရိုင်တွင်း အရောင်းအဝယ်သာရှိနေသည်။ ယခုတစ်ပတ် ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ရှမ်းစမှာ ကျပ် ၁၇၀ဝ၊ ၂၀ဝ၀၊ ၂၂၀ဝ ဈေးတို့နှင့် (ကြူကုတ်စ)မှာ
ပြည်မြေပဲဆန်ဈေးမှာ ယခုတစ်ပတ်တွင် ဈေးပြန်လည်မြင့်တက်လာ သည်။ ရန်ကုန်ဝယ်လက်များက လုံးဆန်များကို ပြန်လည်အဝယ်ရှိပြီး ဒေသ တွင်း ဆီစက်များကလည်း ဆီဆန်ကိုအဝယ်ရှိသည့်အတွက် ယခင်တစ်ပတ် ထက်စာလျှင် ယခုတစ်ပတ်မှာ ဈေးမြင့်လာသည်။
ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ရေပြာနယ်များမှ ဆောင်း စိုက်(ပင်)စိုက် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့ ဆောင်းစိုက်(ပင်စိုက်)များ ယခုတစ်ပတ်တွင် ကုန်ချိန် ၅၀ဝ၀ဝ နှင့် ၆၀ဝ၀ဝ ကြား အရောင်းအဝယ်ဖြစ်နေသည်။
ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ နှမ်းဈေးများ ဆက်လက်ကျဆင်းနေသည်။ နှမ်းအဝင်မရှိဘဲ အရောင်းအဝယ်ပါးသည့်အတွက်ကြောင့် ပြည်ပွဲရုံများတွင် ဈေး တန်းလျက်ရှိနေသည်။
ယခုတစ်ပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာမြေပဲဆန်မှာ လှောင်လက်သမားများနှင့်ဆီစက်သမား များသာအဝယ်ရှိနေခြင်းနှင့် တရုတ်ဈေးကွက်ဈေးအေးနေပြီး အရည် အသွေးနှင့်ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိပြီး မြို့နယ်အချို့ တွင် ဧည့်မထ မိုး/နွေ ဆန်၊ စပါး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ယခင်နှစ်က မိုးစပါး ၁၄၁၂၇၈ ဧက စိုက်ပျိုးရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်တွင် မိုးစပါး ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန် အနည်းငယ်သာလိုကြောင်း စက်ပိုင်များထံမှ သိရှိရသည်။