မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၂၂-၁၀-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၈၁၀၈.၈၀၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄.၆၃၇)သန်း၊ နယ်စပ်မှ (၃၆၇၃.၉၂၂)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၁၆၅)သန်း၊ စုစုပေါင်း (၉၁၇၈၂.၇၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇.၈၀၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂(Mini Budget) (၂၂-၁၀-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

၂၀၂၁-၂၀၂၂(Mini Budget) (၂၂-၁၀-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်
(၂၂-၁၀-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၄၄.၉၀၆ ၁.၂၇၁ ၄၆.၁၇၇
ကီလို ၅၁၃၂၈.၈၇၉ ၁၁၁၄.၇၉၀ ၅၂၄၄၃.၆၆၉
  ပဲတီစိမ်း US$ ၁၃.၃၃၀ ၀.၆၂၉ ၁၃.၉၅၉
ကီလို ၁၅၃၆၅.၆၀၁ ၁၀၀၇.၂၆၈ ၁၆၃၇၂.၈၆၉
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ပဲစဉ်းငုံ US$ ၈.၀၆၇ ၀.၀၀၀ ၈.၀၆၇
ကီလို ၁၁၁၉၃.၅၈၅ ၀.၀၀၀ ၁၁၁၉၃.၅၈၅
  ကုလားပဲ US$ ၀.၃၅၁ ၀.၀၀၀ ၀.၃၅၁
ကီလို ၄၃၁.၁၃၉ ၀.၀၀၀ ၄၃၁.၁၃၉
  ပဲလွန်းဖြူ US$ ၀.၄၂၈ ၀.၀၀၀ ၀.၄၂၈
ကီလို ၄၆၅.၁၆၅ ၀.၀၀၀ ၄၆၅.၁၆၅
  မြေထောက်ပဲ US$ ၁.၃၃၃ ၀.၀၂၁ ၁.၃၅၄
ကီလို ၁၈၂၅.၃၈၃ ၃၃.၀၀၀ ၁၈၅၈.၃၈၃
  ထောပတ်ပဲ US$ ၀.၁၇၄ ၀.၀၀၀ ၀.၁၇၄
ကီလို ၃၀၇.၅၀၀ ၀.၀၀၀ ၃၀၇.၅၀၀
   ပဲယင်း US$ ၁.၇၁၁ ၀.၀၀၀ ၁.၇၁၁
ကီလို ၂၄၉၉.၈၆၇ ၀.၀၀၀ ၂၄၉၉.၈၆၇
  ၁၀ ပဲကြီး US$ ၀.၀၅၉ ၀.၀၀၀ ၀.၀၅၉
ကီလို ၁၁၅.၁၁၃ ၀.၀၀၀ ၁၁၅.၁၁၃
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၁၆၅   ၀.၁၆၅
ကီလို ၂၇၅.၀၀၀   ၂၇၅.၀၀၀
  ၁၂ စွန်တာပြာ US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၀.၁၆၀ ၀.၀၀၀ ၀.၁၆၀
ကီလို ၂၄၁.၄၇၅ ၀.၀၀၀ ၂၄၁.၄၇၅
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၀၃၈ ၀.၀၃၈
ကီလို   ၉၅.၀၀၀ ၉၅.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၆၃ ၀.၀၆၃
ကီလို   ၉၇.၂၁၄ ၉၇.၂၁၄
  ၂၀ မြေပဲဆံ US$ ၃.၉၄၇ ၁.၁၄၃ ၅.၀၉၀
ကီလို ၄၀၅၁.၇၃၇ ၁၃၂၆.၆၅၀ ၅၃၇၈.၃၈၇
  ၂၁ အခြားပဲ US$ ၀.၀၀၆ ၀.၀၀၀ ၀.၀၀၆
ကီလို ၈.၃၆၅ ၀.၀၀၀ ၈.၃၆၅
    ပဲတင်ပို့မှုစုစုပေါင်း US$ ၇၄.၆၃၇ ၃.၁၆၅ ၇၇.၈၀၂
ကီလို ၈၈၁၀၈.၈၀၉ ၃၆၇၃.၉၂၂ ၉၁၇၈၂.၇၃၁
Source: Customs