မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၇-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၅၉၃၃၇.၄၂၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၉၂.၀၀၁)သန်း၊ နယ်စပ်မှ (၂၁၇၁၉.၄၃၅)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀.၀၄၀)သန်း၊ စုစုပေါင်း (၃၈၁၀၅၆.၈၅၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၁၂.၀၄၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၇-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၇-၁-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၅၅.၆၆၅ | ၄.၆၄၂ | ၁၆၀.၃၀၇ | |
ကီလို | ၁၈၇၆၈၄.၅၉၆ | ၄၃၅၆.၉၀၆ | ၁၉၂၀၄၁.၅၀၂ | |||
၂ | ပဲတီစိမ်း | US$ | ၇၅.၄၁၄ | ၂.၂၅၂ | ၇၇.၆၆၆ | |
ကီလို | ၉၀၇၇၀.၇၀၄ | ၃၅၁၀.၄၂၃ | ၉၄၂၈၁.၁၂၇ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၀၄ | ၀.၁၀၄ | ||
ကီလို | ၉၆.၀၀၀ | ၉၆.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၂၃.၂၀၃ | ၀.၀၀၀ | ၂၃.၂၀၃ | |
ကီလို | ၃၄၀၉၄.၇၅၇ | ၀.၀၀၀ | ၃၄၀၉၄.၇၅၇ | |||
၅ | ကုလားပဲ | US$ | ၁.၀၈၉ | ၀.၀၀၀ | ၁.၀၈၉ | |
ကီလို | ၁၅၅၁.၅၆၄ | ၀.၀၀၀ | ၁၅၅၁.၅၆၄ | |||
၆ | ပဲလွန်းဖြူ | US$ | ၃.၃၇၇ | ၀.၀၂၉ | ၃.၄၀၆ | |
ကီလို | ၃၈၃၁.၆၈၅ | ၆၄.၂၅၀ | ၃၈၉၅.၉၃၅ | |||
၇ | မြေထောက်ပဲ | US$ | ၄.၄၁၅ | ၀.၀၂၁ | ၄.၄၃၆ | |
ကီလို | ၅၈၆၆.၅၁၄ | ၃၃.၀၀၀ | ၅၈၉၉.၅၁၄ | |||
၈ | ထောပတ်ပဲ | US$ | ၁.၀၁၇ | ၀.၀၁၉ | ၁.၀၃၆ | |
ကီလို | ၁၆၈၀.၀၂၀ | ၃၅.၀၀၀ | ၁၇၁၅.၀၂၀ | |||
၉ | ပဲယင်း | US$ | ၆.၇၅၀ | ၀.၀၀၀ | ၆.၇၅၀ | |
ကီလို | ၁၀၄၉၅.၄၀၄ | ၀.၀၀၀ | ၁၀၄၉၅.၄၀၄ | |||
၁၀ | ပဲကြီး | US$ | ၀.၂၀၀ | ၀.၀၀၀ | ၀.၂၀၀ | |
ကီလို | ၃၂၇.၇၀၈ | ၀.၀၀၀ | ၃၂၇.၇၀၈ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၅၉၇ | ၀.၅၉၇ | ||
ကီလို | ၉၄၇.၂၁၉ | ၉၄၇.၂၁၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၂၉ | ၀.၀၀၀ | ၀.၂၂၉ | |
ကီလို | ၃၇၂.၉၉၀ | ၀.၀၀၀ | ၃၇၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
ကီလို | ၂၈.၀၀၀ | ၀.၀၀၀ | ၂၈.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၂.၀၇၃ | ၀.၀၀၀ | ၂.၀၇၃ | |
ကီလို | ၂၈၀၉.၅၆၃ | ၀.၀၀၀ | ၂၈၀၉.၅၆၃ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၈၂ | ၀.၀၀၀ | ၀.၀၈၂ | |
ကီလို | ၁၁၅.၀၀၀ | ၀.၀၀၀ | ၁၁၅.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၈၀၈ | ၀.၈၀၈ | ||
ကီလို | ၁၀၈၄.၅၈၃ | ၁၀၈၄.၅၈၃ | ||||
၂၀ | မြေပဲဆံ | US$ | ၁၇.၇၉၃ | ၁၂.၁၂၇ | ၂၉.၉၂၀ | |
ကီလို | ၁၈၆၆၁.၈၆၆ | ၁၂၄၄၄.၂၇၃ | ၃၁၁၀၆.၁၃၉ | |||
၂၁ | အခြားပဲ | US$ | ၀.၀၇၇ | ၀.၀၀၀ | ၀.၀၇၇ | |
ကီလို | ၉၉.၈၃၀ | ၀.၀၀၀ | ၉၉.၈၃၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၉၂.၀၀၁ | ၂၀.၀၄၀ | ၃၁၂.၀၄၁ | ||
ကီလို | ၃၅၉၃၃၇.၄၂၀ | ၂၁၇၁၉.၄၃၅ | ၃၈၁၀၅၆.၈၅၅ | |||
Source: Customs |