မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၁၈-၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၈၇၄၃၂.၈၅၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၁.၅၃၈၄၄)သန်း၊ နယ်စပ်မှ (၄၂၉၉၉.၁၄၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆.၅၉၉)သန်း၊ စုစုပေါင်း (၆၃၀၄၃၁.၉၉၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၉၈.၁၃၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၁၈-၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၁၈-၂-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၉၇.၉၉၃ | ၆.၇၅၄ | ၂၀၄.၇၄၇ | |
ကီလို | ၂၄၆၂၅၂.၆၈၆ | ၆၆၀၄.၃၂၆ | ၂၅၂၈၅၇.၀၁၂ | |||
၂ | ပဲတီစိမ်း | US$ | ၁၅၂.၂၆၃ | ၅.၆၈၉ | ၁၅၇.၉၅၂ | |
ကီလို | ၁၈၉၃၅၅.၂၄၉ | ၉၀၇၃.၃၂၃ | ၁၉၈၄၂၈.၅၇၂ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၇၅ | ၀.၁၇၅ | ||
ကီလို | ၁၆၀.၀၀၀ | ၁၆၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၄၈.၃၇၅ | ၀.၀၀၀ | ၄၈.၃၇၅ | |
ကီလို | ၇၃၁၀၃.၀၆၂ | ၀.၀၀၀ | ၇၃၁၀၃.၀၆၂ | |||
၅ | ကုလားပဲ | US$ | ၁.၁၃၁ | ၀.၀၄၅ | ၁.၁၇၆ | |
ကီလို | ၁၆၁၈.၇၄၅ | ၆၅.၀၀၀ | ၁၆၈၃.၇၄၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၈.၆၆၁ | ၀.၂၃၉ | ၈.၉၀၀ | |
ကီလို | ၁၀၅၅၇.၅၈၂ | ၅၆၉.၁၀၀ | ၁၁၁၂၆.၆၈၂ | |||
၇ | မြေထောက်ပဲ | US$ | ၁၀.၁၇၉ | ၀.၈၁၉ | ၁၀.၉၉၈ | |
ကီလို | ၁၂၇၃၃.၅၄၆ | ၁၃၁၆.၅၀၀ | ၁၄၀၅၀.၀၄၆ | |||
၈ | ထောပတ်ပဲ | US$ | ၂.၁၈၂ | ၀.၀၁၉ | ၂.၂၀၁ | |
ကီလို | ၃၄၃၁.၀၇၀ | ၃၅.၀၀၀ | ၃၄၆၆.၀၇၀ | |||
၉ | ပဲယင်း | US$ | ၁၂.၀၇၀ | ၀.၂၂၄ | ၁၂.၂၉၄ | |
ကီလို | ၁၇၄၆၈.၀၁၂ | ၄၉၇.၅၀၀ | ၁၇၉၆၅.၅၁၂ | |||
၁၀ | ပဲကြီး | US$ | ၀.၄၆၆ | ၀.၀၀၀ | ၀.၄၆၆ | |
ကီလို | ၇၃၇.၂၀၈ | ၀.၀၀၀ | ၇၃၇.၂၀၈ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၂၈ | ၀.၆၂၈ | ||
ကီလို | ၉၉၆.၆၆၉ | ၉၉၆.၆၆၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၅၉ | ၀.၀၀၀ | ၀.၂၅၉ | |
ကီလို | ၄၂၂.၉၉၀ | ၀.၀၀၀ | ၄၂၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
ကီလို | ၂၉.၅၀၀ | ၀.၀၀၀ | ၂၉.၅၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၆.၈၇၀ | ၀.၀၀၀ | ၆.၈၇၀ | |
ကီလို | ၉၁၇၈.၁၂၇ | ၀.၀၀၀ | ၉၁၇၈.၁၂၇ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၂၄၉ | ၀.၀၀၀ | ၀.၂၄၉ | |
ကီလို | ၃၄၅.၀၀၀ | ၀.၀၀၀ | ၃၄၅.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၆၄ | ၀.၀၆၄ | ||
ကီလို | ၁၆၀.၅၀၀ | ၁၆၀.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၈၅ | ၀.၀၈၅ | ||
ကီလို | ၁၀၁.၅၀၀ | ၁၀၁.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၂.၉၅၉ | ၂.၉၅၉ | ||
ကီလို | ၄၂၁၁.၈၄၃ | ၄၂၁၁.၈၄၃ | ||||
၂၀ | မြေပဲဆံ | US$ | ၂၀.၁၁၁ | ၁၉.၅၂၇ | ၃၉.၆၃၈ | |
ကီလို | ၂၁၁၀၀.၁၂၁ | ၂၀၂၀၄.၅၄၈ | ၄၁၃၀၄.၆၆၉ | |||
၂၁ | အခြားပဲ | US$ | ၀.၀၈၁ | ၀.၀၀၀ | ၀.၀၈၁ | |
ကီလို | ၁၀၃.၂၉၀ | ၀.၀၀၀ | ၁၀၃.၂၉၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၆၁.၅၃၈ | ၃၆.၅၉၉ | ၄၉၈.၁၃၇ | ||
ကီလို | ၅၈၇၄၃၂.၈၅၇ | ၄၂၉၉၉.၁၄၀ | ၆၃၀၄၃၁.၉၉၇ | |||
Source: Customs |