မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၄-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၃၀၇၅၂.၂၁၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၆၅.၉၇၈)သန်း၊ နယ်စပ်မှ (၅၂၂၉၉.၅၉၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂.၉၂၉)သန်း၊ စုစုပေါင်း (၇၈၃၀၅၁.၈၀၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၈.၉၀၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၄-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၄-၃-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၂၂၈.၃၈၈ | ၇.၃၁၆ | ၂၃၅.၇၀၄ | |
ကီလို | ၂၈၉၇၇၀.၇၃၇ | ၇၃၀၆.၅၂၆ | ၂၉၇၀၇၇.၂၆၃ | |||
၂ | ပဲတီစိမ်း | US$ | ၁၉၅.၅၀၉ | ၇.၀၉၈ | ၂၀၂.၆၀၇ | |
ကီလို | ၂၄၆၀၄၄.၈၉၁ | ၁၁၇၆၂.၇၇၃ | ၂၅၇၈၀၇.၆၆၄ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၇၅ | ၀.၁၇၅ | ||
ကီလို | ၁၆၀.၀၀၀ | ၁၆၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၆၀.၀၆၆ | ၀.၀၀၀ | ၆၀.၀၆၆ | |
ကီလို | ၉၀၆၃၆.၅၈၉ | ၀.၀၀၀ | ၉၀၆၃၆.၅၈၉ | |||
၅ | ကုလားပဲ | US$ | ၁.၃၅၇ | ၀.၀၄၇ | ၁.၄၀၄ | |
ကီလို | ၂၀၀၇.၂၁၅ | ၆၇.၀၀၀ | ၂၀၇၄.၂၁၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၂.၀၆၂ | ၀.၂၉၆ | ၁၂.၃၅၈ | |
ကီလို | ၁၅၆၉၉.၂၅၄ | ၆၇၄.၇၇၅ | ၁၆၃၇၄.၀၂၉ | |||
၇ | မြေထောက်ပဲ | US$ | ၁၄.၆၂၃ | ၂.၇၅၆ | ၁၇.၃၇၉ | |
ကီလို | ၁၈၁၈၁.၀၄၆ | ၄၃၉၈.၈၂၅ | ၂၂၅၇၉.၈၇၁ | |||
၈ | ထောပတ်ပဲ | US$ | ၂.၆၃၀ | ၀.၀၃၀ | ၂.၆၆၀ | |
ကီလို | ၄၀၅၂.၁၂၀ | ၅၂.၅၀၀ | ၄၁၀၄.၆၂၀ | |||
၉ | ပဲယင်း | US$ | ၁၉.၂၈၅ | ၀.၂၆၀ | ၁၉.၅၄၅ | |
ကီလို | ၂၇၁၀၉.၆၄၂ | ၅၇၂.၄၅၀ | ၂၇၆၈၂.၀၉၂ | |||
၁၀ | ပဲကြီး | US$ | ၀.၄၇၄ | ၀.၀၀၀ | ၀.၄၇၄ | |
ကီလို | ၇၄၉.၇၄၃ | ၀.၀၀၀ | ၇၄၉.၇၄၃ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၂၈ | ၀.၆၂၈ | ||
ကီလို | ၉၉၆.၆၆၉ | ၉၉၆.၆၆၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၅၉ | ၀.၀၀၀ | ၀.၂၅၉ | |
ကီလို | ၄၂၂.၉၉၀ | ၀.၀၀၀ | ၄၂၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၃၂၄ | ၀.၀၀၀ | ၀.၃၂၄ | |
ကီလို | ၄၃၄.၅၀၀ | ၀.၀၀၀ | ၄၃၄.၅၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၈.၄၄၉ | ၀.၀၀၀ | ၈.၄၄၉ | |
ကီလို | ၁၁၄၇၂.၆၄၅ | ၀.၀၀၀ | ၁၁၄၇၂.၆၄၅ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၂၉၈ | ၀.၀၀၀ | ၀.၂၉၈ | |
ကီလို | ၄၁၁.၀၀၀ | ၀.၀၀၀ | ၄၁၁.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၇၈ | ၀.၀၇၈ | ||
ကီလို | ၁၉၅.၀၀၀ | ၁၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၈၂ | ၀.၁၈၂ | ||
ကီလို | ၂၁၆.၅၀၀ | ၂၁၆.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၃.၂၆၀ | ၃.၂၆၀ | ||
ကီလို | ၄၆၉၀.၄၅၇ | ၄၆၉၀.၄၅၇ | ||||
၂၀ | မြေပဲဆံ | US$ | ၂၁.၅၄၄ | ၂၁.၄၃၁ | ၄၂.၉၇၅ | |
ကီလို | ၂၂၆၅၉.၁၆၁ | ၂၂၂၀၂.၇၈၄ | ၄၄၈၆၁.၉၄၅ | |||
၂၁ | အခြားပဲ | US$ | ၀.၀၈၂ | ၀.၀၀၀ | ၀.၀၈၂ | |
ကီလို | ၁၀၄.၀၁၀ | ၀.၀၀၀ | ၁၀၄.၀၁၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၆၅.၉၇၈ | ၄၂.၉၂၉ | ၆၀၈.၉၀၇ | ||
ကီလို | ၇၃၀၇၅၂.၂၁၂ | ၅၂၂၉၉.၅၉၀ | ၇၈၃၀၅၁.၈၀၂ | |||
Source: Customs |