မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၉-၇-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၁၉၁၂၀.၃၀၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၃၂.၄၁၁)သန်း၊ နယ်စပ်မှ (၁၃၉၅၇၉.၉၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၀၀၀)သန်း၊ စုစုပေါင်း (၅၅၈၇၀၀.၂၇၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၂၆.၄၁၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၉-၇-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၉-၇-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၉၅.၆၃၅ | ၅.၈၇၆ | ၁၀၁.၅၁၁ | |
ကီလို | ၁၁၆၂၀၀.၄၉၆ | ၆၃၀၇.၅၁၀ | ၁၂၂၅၀၈.၀၀၆ | |||
၂ | ပဲတီစိမ်း | US$ | ၁၄၉.၄၂၅ | ၆၃.၉၉၃ | ၂၁၃.၄၁၈ | |
ကီလို | ၁၈၆၂၁၂.၃၅၄ | ၉၁၂၂၇.၄၄၃ | ၂၇၇၄၃၉.၇၉၇ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၈.၉၉၆ | ၀.၁၇၉ | ၉.၁၇၅ | |
ကီလို | ၁၂၂၀၄.၅၉၉ | ၂၆၃.၅၀၀ | ၁၂၄၆၈.၀၉၉ | |||
၅ | ကုလားပဲ | US$ | ၁၁.၇၀၄ | ၀.၀၂၇ | ၁၁.၇၃၁ | |
ကီလို | ၁၆၈၆၄.၂၉၃ | ၄၃.၀၀၀ | ၁၆၉၀၇.၂၉၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၀.၄၀၉ | ၁.၁၉၈ | ၁၁.၆၀၇ | |
ကီလို | ၁၄၁၄၃.၃၅၀ | ၃၀၂၅.၇၅၃ | ၁၇၁၆၉.၁၀၃ | |||
၇ | မြေထောက်ပဲ | US$ | ၁၈.၇၂၅ | ၈.၀၁၉ | ၂၆.၇၄၄ | |
ကီလို | ၂၅၃၅၈.၄၁၄ | ၁၂၇၁၂.၄၆၁ | ၃၈၀၇၀.၈၇၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၄.၄၀၃ | ၃.၀၀၂ | ၁၇.၄၀၅ | |
ကီလို | ၁၆၆၄၂.၇၀၂ | ၅၅၅၉.၃၅၀ | ၂၂၂၀၂.၀၅၂ | |||
၉ | ပဲယင်း | US$ | ၁၁.၈၀၉ | ၃.၂၉၀ | ၁၅.၀၉၉ | |
ကီလို | ၁၆၀၆၉.၈၈၇ | ၇၁၈၀.၈၅၀ | ၂၃၂၅၀.၇၃၇ | |||
၁၀ | ပဲကြီး | US$ | ၂.၉၂၇ | ၁.၂၅၈ | ၄.၁၈၅ | |
ကီလို | ၄၁၄၂.၀၃၀ | ၂၃၀၀.၄၂၀ | ၆၄၄၂.၄၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၆၂ | ၀.၀၀၀ | ၀.၂၆၂ | |
ကီလို | ၃၇၆.၇၀၀ | ၀.၀၀၀ | ၃၇၆.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၄.၄၉၃ | ၀.၀၀၀ | ၄.၄၉၃ | |
ကီလို | ၅၉၄၇.၈၅၀ | ၀.၀၀၀ | ၅၉၄၇.၈၅၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၅၆၅ | ၁.၅၆၅ | ||
ကီလို | ၄၀၈၉.၂၅၀ | ၄၀၈၉.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၇၉ | ၀.၆၇၉ | ||
ကီလို | ၁၀၃၈.၆၀၀ | ၁၀၃၈.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၂၇ | ၀.၀၂၇ | ||
ကီလို | ၃၅.၈၅၀ | ၃၅.၈၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၉၂ | ၅.၂၀၆ | |
ကီလို | ၁၅၂၇.၆၀၀ | ၄၀၃၉.၄၅၀ | ၅၅၆၇.၀၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၁၆ | ၀.၀၀၀ | ၀.၅၁၆ | |
ကီလို | ၉၁၈.၄၁၄ | ၀.၀၀၀ | ၉၁၈.၄၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၃၂.၄၁၁ | ၉၄.၀၀၀ | ၄၂၆.၄၁၁ | ||
ကီလို | ၄၁၉၁၂၀.၃၀၉ | ၁၃၉၅၇၉.၉၆၇ | ၅၅၈၇၀၀.၂၇၆ |