မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၅-၈-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၃၆၈၃၃.၃၉၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၄၇.၉၅၇)သန်း၊ နယ်စပ်မှ (၁၃၉၅၇၉.၉၆၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၀၀၀)သန်း၊ စုစုပေါင်း (၅၇၆၄၁၃.၃၅၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၄၁.၉၅၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၅-၈-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၅-၈-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၀၃.၁၉၉ | ၅.၈၇၆ | ၁၀၉.၀၇၅ | |
ကီလို | ၁၂၄၂၃၈.၇၄၅ | ၆၃၀၇.၅၁၀ | ၁၃၀၅၄၆.၂၅၅ | |||
၂ | ပဲတီစိမ်း | US$ | ၁၅၃.၃၉၃ | ၆၃.၉၉၃ | ၂၁၇.၃၈၆ | |
ကီလို | ၁၉၀၈၈၅.၃၅၂ | ၉၁၂၂၇.၄၄၃ | ၂၈၂၁၁၂.၇၉၅ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၁၁.၇၀၈ | ၀.၁၇၉ | ၁၁.၈၈၇ | |
ကီလို | ၁၅၇၃၂.၅၈၉ | ၂၆၃.၅၀၀ | ၁၅၉၉၆.၀၈၉ | |||
၅ | ကုလားပဲ | US$ | ၁၁.၇၅၂ | ၀.၀၂၇ | ၁၁.၇၇၉ | |
ကီလို | ၁၆၉၂၅.၅၄၃ | ၄၃.၀၀၀ | ၁၆၉၆၈.၅၄၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၀.၆၅၆ | ၁.၁၉၈ | ၁၁.၈၅၄ | |
ကီလို | ၁၄၄၂၃.၁၀၅ | ၃၀၂၅.၇၅၃ | ၁၇၄၄၈.၈၅၈ | |||
၇ | မြေထောက်ပဲ | US$ | ၁၈.၉၆၂ | ၈.၀၁၉ | ၂၆.၉၈၁ | |
ကီလို | ၂၅၅၇၀.၆၆၄ | ၁၂၇၁၂.၄၆၁ | ၃၈၂၈၃.၁၂၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၄.၇၆၈ | ၃.၀၀၂ | ၁၇.၇၇၀ | |
ကီလို | ၁၇၀၄၇.၈၀၂ | ၅၅၅၉.၃၅၀ | ၂၂၆၀၇.၁၅၂ | |||
၉ | ပဲယင်း | US$ | ၁၁.၉၀၆ | ၃.၂၉၀ | ၁၅.၁၉၆ | |
ကီလို | ၁၆၁၈၂.၈၈၇ | ၇၁၈၀.၈၅၀ | ၂၃၃၆၃.၇၃၇ | |||
၁၀ | ပဲကြီး | US$ | ၂.၉၅၆ | ၁.၂၅၈ | ၄.၂၁၄ | |
ကီလို | ၄၁၇၁.၅၂၀ | ၂၃၀၀.၄၂၀ | ၆၄၇၁.၉၄၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၁၆ | ၀.၀၀၀ | ၀.၃၁၆ | |
ကီလို | ၄၆၀.၇၀၀ | ၀.၀၀၀ | ၄၆၀.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၄.၇၁၈ | ၀.၀၀၀ | ၄.၇၁၈ | |
ကီလို | ၆၂၃၆.၈၅၀ | ၀.၀၀၀ | ၆၂၃၆.၈၅၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၅၆၅ | ၁.၅၆၅ | ||
ကီလို | ၄၀၈၉.၂၅၀ | ၄၀၈၉.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၇၉ | ၀.၆၇၉ | ||
ကီလို | ၁၀၃၈.၆၀၀ | ၁၀၃၈.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၂၇ | ၀.၀၂၇ | ||
ကီလို | ၃၅.၈၅၀ | ၃၅.၈၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၉၂ | ၅.၂၀၆ | |
ကီလို | ၁၅၂၇.၆၀၀ | ၄၀၃၉.၄၅၀ | ၅၅၆၇.၀၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၁၆ | ၀.၀၀၀ | ၀.၅၁၆ | |
ကီလို | ၉၁၈.၄၁၄ | ၀.၀၀၀ | ၉၁၈.၄၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၄၇.၉၅၇ | ၉၄.၀၀၀ | ၄၄၁.၉၅၇ | ||
ကီလို | ၄၃၆၈၃၃.၃၉၁ | ၁၃၉၅၇၉.၉၆၇ | ၅၇၆၄၁၃.၃၅၈ |