မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၅-၁၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၉၇၄၉၉.၂၇၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၁.၈၅၆)သန်း၊ နယ်စပ်မှ (၁၅၃၃၁၁.၁၇၅)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၄.၄၇၅)သန်း၊ စုစုပေါင်း (၁၀၅၀၈၁၀.၄၅၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၂၆.၃၃၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၅-၁၁-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၅-၁၁-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၃၃၄.၆၈၀ | ၇.၈၁၃ | ၃၄၂.၄၉၃ | |
ကီလို | ၃၉၇၄၈၆.၁၇၆ | ၈၁၆၂.၀၁၀ | ၄၀၅၆၄၈.၁၈၆ | |||
၂ | ပဲတီစိမ်း | US$ | ၂၁၅.၆၁၀ | ၆၉.၁၅၄ | ၂၈၄.၇၆၄ | |
ကီလို | ၂၇၉၁၅၈.၀၃၈ | ၉၉၂၄၂.၆၇၈ | ၃၇၈၄၀၀.၇၁၆ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၇၀.၂၃၀ | ၀.၁၇၉ | ၇၀.၄၀၉ | |
ကီလို | ၈၆၉၇၂.၆၂၁ | ၂၆၃.၅၀၀ | ၈၇၂၃၆.၁၂၁ | |||
၅ | ကုလားပဲ | US$ | ၁၂.၆၄၉ | ၀.၀၂၆ | ၁၂.၆၇၅ | |
ကီလို | ၁၈၀၉၄.၅၂၆ | ၄၃.၀၀၀ | ၁၈၁၃၇.၅၂၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၇.၁၇၀ | ၁.၆၉၆ | ၁၈.၈၆၆ | |
ကီလို | ၂၃၆၆၃.၆၆၈ | ၃၈၄၁.၂၅၃ | ၂၇၅၀၄.၉၂၁ | |||
၇ | မြေထောက်ပဲ | US$ | ၂၄.၃၆၅ | ၈.၁၄၀ | ၃၂.၅၀၅ | |
ကီလို | ၃၀၈၂၀.၃၅၄ | ၁၂၈၁၂.၄၆၁ | ၄၃၆၃၂.၈၁၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၆.၇၉၁ | ၃.၁၀၇ | ၁၉.၈၉၈ | |
ကီလို | ၁၉၆၁၄.၈၃၂ | ၅၇၀၀.၃၅၇ | ၂၅၃၁၅.၁၈၉ | |||
၉ | ပဲယင်း | US$ | ၁၄.၅၂၄ | ၃.၉၁၅ | ၁၈.၄၃၉ | |
ကီလို | ၁၉၇၆၀.၀၃၂ | ၈၁၅၄.၁၀၀ | ၂၇၉၁၄.၁၃၂ | |||
၁၀ | ပဲကြီး | US$ | ၃.၁၂၈ | ၁.၂၅၇ | ၄.၃၈၅ | |
ကီလို | ၄၃၇၅.၄၄၆ | ၂၃၀၀.၄၂၀ | ၆၆၇၅.၈၆၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၄၆၅ | ၂.၄၆၅ | ||
ကီလို | ၃၇၅၅.၁၃၅ | ၃၇၅၅.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၅၅၂ | ၀.၀၈၀ | ၀.၆၃၂ | |
ကီလို | ၈၄၁.၇၀၀ | ၁၄၀.၀၀၀ | ၉၈၁.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၀၉၆ | ၁.၀၉၆ | ||
ကီလို | ၁၉၂၄.၅၃၀ | ၁၉၂၄.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၇.၄၄၈ | ၀.၀၀၀ | ၇.၄၄၈ | |
ကီလို | ၁၀၀၅၈.၂၁၀ | ၀.၀၀၀ | ၁၀၀၅၈.၂၁၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၈၅၀ | ၁.၈၅၀ | ||
ကီလို | ၄၆၉၁.၈၅၀ | ၄၆၉၁.၈၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၉၀ | ၀.၄၉၀ | ||
ကီလို | ၆၄၀.၆၀၀ | ၆၄၀.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၄၅၅ | ၅.၆၇၂ | ၇.၁၂၇ | |
ကီလို | ၁၆၂၇.၆၀၀ | ၅၃၉၄.၄၁၆ | ၇၀၂၂.၀၁၆ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၂ | ၀.၀၀၀ | ၀.၅၄၂ | |
ကီလို | ၉၄၄.၇၄၆ | ၀.၀၀၀ | ၉၄၄.၇၄၆ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၂၁.၈၅၆ | ၁၀၄.၄၇၅ | ၈၂၆.၃၃၁ | ||
ကီလို | ၈၉၇၄၉၉.၂၇၉ | ၁၅၃၃၁၁.၁၇၅ | ၁၀၅၀၈၁၀.၄၅၄ |