မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၃၀-၁၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၇၅၅၃၇.၈၉၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၅၄.၇၃၈) သန်း၊ နယ်စပ်မှ (၁၆၃၅၇၁.၅၂၉) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၁၄.၇၉၁) သန်း၊ စုစုပေါင်း (၁၂၃၉၁၀၉.၄၂၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၉၆၉.၅၂၉) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၃၀-၁၂-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၃၀-၁၂-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၂၂.၃၁၅ | ၈.၂၄၃ | ၄၃၀.၅၅၈ | |
ကီလို | ၅၀၉၆၅၁.၄၅၀ | ၈၆၄၉.၀၁၀ | ၅၁၈၃၀၀.၄၆၀ | |||
၂ | ပဲတီစိမ်း | US$ | ၂၃၄.၉၇၀ | ၇၀.၆၇၃ | ၃၀၅.၆၄၃ | |
ကီလို | ၃၀၉၄၀၄.၈၄၈ | ၁၀၁၈၆၈.၉၈၅ | ၄၁၁၂၇၃.၈၃၃ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၈၈.၀၉၄ | ၀.၂၀၅ | ၈၈.၂၉၉ | |
ကီလို | ၁၁၀၁၁၁.၁၅၇ | ၂၉၆.၅၀၀ | ၁၁၀၄၀၇.၆၅၇ | |||
၅ | ကုလားပဲ | US$ | ၁၂.၇၆၁ | ၀.၀၂၆ | ၁၂.၇၈၇ | |
ကီလို | ၁၈၂၃၃.၉၅၆ | ၄၃.၀၀၀ | ၁၈၂၇၆.၉၅၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၂၀.၀၇၃ | ၁.၇၉၀ | ၂၁.၈၆၃ | |
ကီလို | ၂၈၆၆၉.၇၃၈ | ၄၀၁၂.၂၅၃ | ၃၂၆၈၁.၉၉၁ | |||
၇ | မြေထောက်ပဲ | US$ | ၂၅.၈၄၃ | ၈.၃၇၈ | ၃၄.၂၂၁ | |
ကီလို | ၃၂၇၂၀.၅၇၂ | ၁၃၀၂၀.၄၆၁ | ၄၅၇၄၁.၀၃၃ | |||
၈ | ထောပတ်ပဲ | US$ | ၁၇.၄၅၉ | ၃.၁၀၇ | ၂၀.၅၆၆ | |
ကီလို | ၂၀၅၈၅.၂၇၂ | ၅၇၀၀.၃၅၇ | ၂၆၂၈၅.၆၂၉ | |||
၉ | ပဲယင်း | US$ | ၁၅.၆၁၆ | ၄.၃၃၆ | ၁၉.၉၅၂ | |
ကီလို | ၂၁၇၂၀.၄၅၄ | ၈၉၂၈.၀၆၀ | ၃၀၆၄၈.၅၁၄ | |||
၁၀ | ပဲကြီး | US$ | ၃.၁၈၀ | ၁.၂၅၇ | ၄.၄၃၇ | |
ကီလို | ၄၄၂၄.၇၆၁ | ၂၃၀၀.၄၂၀ | ၆၇၂၅.၁၈၁ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၇၆၉ | ၂.၇၆၉ | ||
ကီလို | ၄၂၃၅.၁၃၅ | ၄၂၃၅.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၀၂ | ၀.၀၀၀ | ၀.၆၀၂ | |
ကီလို | ၉၂၅.၇၀၀ | ၀.၀၀၀ | ၉၂၅.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၁၇၆ | ၁.၁၇၆ | ||
ကီလို | ၂၀၆၄.၅၃၀ | ၂၀၆၄.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၈.၃၄၀ | ၀.၀၀၀ | ၈.၃၄၀ | |
ကီလို | ၁၁၅၈၃.၆၇၀ | ၀.၀၀၀ | ၁၁၅၈၃.၆၇၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၉၄၁ | ၁.၉၄၁ | ||
ကီလို | ၄၈၆၅.၂၅၀ | ၄၈၆၅.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၉၀ | ၀.၄၉၀ | ||
ကီလို | ၆၄၀.၆၀၀ | ၆၄၀.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၉၂၃ | ၁၃.၁၆၉ | ၁၅.၀၉၂ | |
ကီလို | ၁၉၉၄.၂၄၀ | ၁၁၁၈၂.၁၀၃ | ၁၃၁၇၆.၃၄၃ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၆ | ၀.၀၀၀ | ၀.၅၄၆ | |
ကီလို | ၉၅၀.၇၄၆ | ၀.၀၀၀ | ၉၅၀.၇၄၆ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၈၅၄.၇၃၈ | ၁၁၄.၇၉၁ | ၉၆၉.၅၂၉ | ||
ကီလို | ၁၀၇၅၅၃၇.၈၉၄ | ၁၆၃၅၇၁.၅၂၉ | ၁၂၃၉၁၀၉.၄၂၃ |