မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၀-၃-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၄၈၇၀၄၇.၆၁၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅၀.၅၄၅) သန်း၊ နယ်စပ်မှ (၂၄၈၅၃၁.၂၄၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၈၂.၃၃၄) သန်း၊ စုစုပေါင်း (၁၇၃၅၅၇၈.၈၅၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၃၂.၈၇၇) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၀-၃-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၁၀-၃-၂၀၂၃) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၄၉၇.၅၅၅ ၈.၉၆၉ ၅၀၆.၅၂၄
ကီလို ၆၀၈၂၉၇.၇၉၀ ၉၄၁၆.၀၁၀ ၆၁၇၇၁၃.၈၀၀
  ပဲတီစိမ်း US$ ၃၃၅.၈၉၂ ၉၇.၈၆၁ ၄၃၃.၇၅၃
ကီလို ၄၆၃၀၃၆.၈၁၁ ၁၄၅၄၆၄.၆၅၄ ၆၀၈၅၀၁.၄၆၅
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၁၆၅.၀၃၃ ၀.၃၄၈ ၁၆၅.၃၈၁
ကီလို ၂၁၁၆၅၀.၈၂၈ ၄၈၅.၅၀၀ ၂၁၂၁၃၆.၃၂၈
  ကုလားပဲ US$ ၁၂.၉၅၁ ၀.၀၂၇ ၁၂.၉၇၈
ကီလို ၁၈၄၅၄.၂၄၆ ၄၃.၀၀၀ ၁၈၄၉၇.၂၄၆
  ပဲလွန်းဖြူ US$ ၂၉.၁၃၅ ၃.၇၀၄ ၃၂.၈၃၉
ကီလို ၄၃၇၁၁.၀၈၀ ၇၃၅၁.၈၅၃ ၅၁၀၆၂.၉၃၃
  မြေထောက်ပဲ US$ ၃၂.၁၈၇ ၁၃.၃၁၄ ၄၅.၅၀၁
ကီလို ၃၈၆၈၈.၂၁၇ ၁၇၀၇၇.၉၆၀ ၅၅၇၆၆.၁၇၇
  ထောပတ်ပဲ US$ ၁၈.၆၀၈ ၄.၅၃၀ ၂၃.၁၃၈
ကီလို ၂၂၁၀၂.၄၆၂ ၇၅၁၈.၆၅၇ ၂၉၆၂၁.၁၁၉
   ပဲယင်း US$ ၃၄.၄၃၃ ၁၇.၆၅၅ ၅၂.၀၈၈
ကီလို ၄၇၂၄၉.၄၂၃ ၂၅၄၇၂.၅၁၂ ၇၂၇၂၁.၉၃၅
  ၁၀ ပဲကြီး US$ ၃.၂၆၆ ၁.၇၀၉ ၄.၉၇၅
ကီလို ၄၅၀၁.၉၈၆ ၂၇၅၁.၁၇၀ ၇၂၅၃.၁၅၆
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၉၄၄   ၂.၉၄၄
ကီလို ၄၅၂၇.၁၃၅   ၄၅၂၇.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၆၇၉ ၀.၀၀၀ ၀.၆၇၉
ကီလို ၁၀၅၇.၇၀၀ ၀.၀၀၀ ၁၀၅၇.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁.၄၄၃ ၁.၄၄၃
ကီလို   ၂၄၈၆.၅၃၀ ၂၄၈၆.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၁၄.၅၂၀ ၀.၀၀၀ ၁၄.၅၂၀
ကီလို ၁၉၉၈၁.၃၄၇ ၀.၀၀၀ ၁၉၉၈၁.၃၄၇
  ၁၆ ပဲပုတ်စေ့ US$ ၀.၁၂၃ ၀.၀၀၀ ၀.၁၂၃
ကီလို ၁၃၅.၅၁၀ ၀.၀၀၀ ၁၃၅.၅၁၀
  ၁၇ ပဲနီကြား US$   ၂.၁၆၁ ၂.၁၆၁
ကီလို   ၅၂၇၉.၈၀၂ ၅၂၇၉.၈၀၂
  ၁၈ နိုင်လွန်ပဲ US$   ၀.၆၈၁ ၀.၆၈၁
ကီလို   ၉၃၀.၈၇၀ ၉၃၀.၈၇၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၂.၄၇၉ ၂၉.၈၄၃ ၃၂.၃၂၂
ကီလို ၂၄၃၂.၂၄၀ ၂၄၁၅၀.၇၂၄ ၂၆၅၈၂.၉၆၄
  ၂၁ အခြားပဲ US$ ၀.၅၅၈ ၀.၀၈၇ ၀.၆၄၅
ကီလို ၉၆၄.၁၅၁ ၁၀၂.၀၀၀ ၁၀၆၆.၁၅၁
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၁၅၀.၅၄၅ ၁၈၂.၃၃၂ ၁၃၃၂.၈၇၇
ကီလို ၁၄၈၇၀၄၇.၆၁၁ ၂၄၈၅၃၁.၂၄၂ ၁၇၃၅၅၇၈.၈၅၃