မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၃-၆-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၅၀၇၆၄.၄၈၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၈.၉၆၈) သန်း၊ နယ်စပ်မှ (၄၄၁၂၆.၆၉၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၉.၉၄၃) သန်း၊ စုစုပေါင်း (၃၉၄၈၉၁.၁၇၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၀၈.၉၁၁) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၃-၆-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၃-၆-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၀၉.၉၉၆ | ၁.၀၄၀ | ၁၁၁.၀၃၆ | |
ကီလို | ၁၃၁၉၅၃.၅၀၄ | ၉၈၅.၀၀၀ | ၁၃၂၉၃၈.၅၀၄ | |||
၂ | ပဲတီစိမ်း | US$ | ၈၃.၇၉၇ | ၁၃.၆၂၉ | ၉၇.၄၂၆ | |
ကီလို | ၁၂၆၄၈၃.၈၅၈ | ၂၁၇၄၉.၅၀၇ | ၁၄၈၂၃၃.၃၆၅ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၃၇.၆၉၀ | ၀.၀၀၀ | ၃၇.၆၉၀ | |
ကီလို | ၄၅၃၃၇.၀၃၀ | ၀.၀၀၀ | ၄၅၃၃၇.၀၃၀ | |||
၅ | ကုလားပဲ | US$ | ၀.၃၈၉ | ၀.၀၀၀ | ၀.၃၈၉ | |
ကီလို | ၄၃၄.၃၂၅ | ၀.၀၀၀ | ၄၃၄.၃၂၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၈.၀၇၆ | ၀.၃၀၉ | ၈.၃၈၅ | |
ကီလို | ၁၃၀၀၀.၈၂၈ | ၅၁၄.၅၀၀ | ၁၃၅၁၅.၃၂၈ | |||
၇ | မြေထောက်ပဲ | US$ | ၆.၆၁၂ | ၃.၈၄၂ | ၁၀.၄၅၄ | |
ကီလို | ၆၉၁၁.၈၂၇ | ၂၈၂၅.၃၇၇ | ၉၇၃၇.၂၀၄ | |||
၈ | ထောပတ်ပဲ | US$ | ၁၀.၆၉၅ | ၃.၀၈၀ | ၁၃.၇၇၅ | |
ကီလို | ၁၀၉၃၄.၄၄၈ | ၂၉၂၂.၁၅၆ | ၁၃၈၅၆.၆၀၄ | |||
၉ | ပဲယင်း | US$ | ၇.၉၃၄ | ၃.၃၉၈ | ၁၁.၃၃၂ | |
ကီလို | ၁၀၉၂၈.၈၄၀ | ၄၁၃၅.၇၅၀ | ၁၅၀၆၄.၅၉၀ | |||
၁၀ | ပဲကြီး | US$ | ၁.၅၇၀ | ၀.၃၃၀ | ၁.၉၀၀ | |
ကီလို | ၁၅၂၉.၅၁၆ | ၃၂၉.၅၀၀ | ၁၈၅၉.၀၁၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၁၁ | ၀.၄၉၂ | ၀.၈၀၃ | |
ကီလို | ၄၈၀.၀၀၀ | ၈၁၈.၂၅၀ | ၁၂၉၈.၂၅၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၇၉၁ | ၀.၀၀၀ | ၀.၇၉၁ | |
ကီလို | ၁၂၃၄.၅၅၀ | ၀.၀၀၀ | ၁၂၃၄.၅၅၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၃၇၅ | ၀.၃၇၅ | ||
ကီလို | ၇၁၄.၉၈၀ | ၇၁၄.၉၈၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၅၉ | ၀.၄၅၉ | ||
ကီလို | ၆၁၁.၅၀၀ | ၆၁၁.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၂.၈၈၇ | ၁၃.၁၁၇ | |
ကီလို | ၁၅၅.၀၀၀ | ၈၃၅၁.၇၇၂ | ၈၅၀၆.၇၇၂ | |||
၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၁၀၂ | ၀.၁၀၅ | |
ကီလို | ၃.၀၀၀ | ၁၆၈.၄၀၀ | ၁၇၁.၄၀၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၆၈.၉၆၈ | ၃၉.၉၄၃ | ၃၀၈.၉၁၁ | ||
ကီလို | ၃၅၀၇၆၄.၄၈၆ | ၄၄၁၂၆.၆၉၂ | ၃၉၄၈၉၁.၁၇၈ |