မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၄-၇-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၂၀၁၂၂.၁၄၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၂၆.၇၉၀)သန်း၊ နယ်စပ်မှ (၇၁၉၃၇.၄၇၉)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၆၃.၀၃၀)သန်း၊ စုစုပေါင်း (၄၉၂၀၅၉.၆၂၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃၈၉.၈၂၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၄-၇-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၄-၇-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၃၈.၉၂၂ | ၁.၀၅၂ | ၁၃၉.၉၇၄ | |
ကီလို | ၁၆၄၅၀၃.၉၃၇ | ၁၀၀၀.၀၀၀ | ၁၆၅၅၀၃.၉၃၇ | |||
၂ | ပဲတီစိမ်း | US$ | ၉၄.၉၃၀ | ၂၂.၉၇၆ | ၁၁၇.၉၀၆ | |
ကီလို | ၁၄၂၄၈၃.၈၁၀ | ၃၅၂၁၆.၄၁၃ | ၁၇၇၇၀၀.၂၂၃ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၅၂.၀၆၂ | ၀.၀၀၀ | ၅၂.၀၆၂ | |
ကီလို | ၆၁၉၆၉.၀၃၀ | ၀.၀၀၀ | ၆၁၉၆၉.၀၃၀ | |||
၅ | ကုလားပဲ | US$ | ၀.၄၂၉ | ၀.၀၀၀ | ၀.၄၂၉ | |
ကီလို | ၄၆၈.၈၂၅ | ၀.၀၀၀ | ၄၆၈.၈၂၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၉.၁၄၀ | ၀.၆၈၂ | ၉.၈၂၂ | |
ကီလို | ၁၄၅၉၉.၀၄၆ | ၁၁၀၇.၅၀၀ | ၁၅၇၀၆.၅၄၆ | |||
၇ | မြေထောက်ပဲ | US$ | ၇.၃၀၄ | ၈.၅၀၆ | ၁၅.၈၁၀ | |
ကီလို | ၇၅၇၂.၄၇၇ | ၅၉၉၃.၅၀၈ | ၁၃၅၆၅.၉၈၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၁.၃၇၃ | ၃.၉၇၅ | ၁၅.၃၄၈ | |
ကီလို | ၁၁၅၉၈.၉၈၈ | ၃၇၅၃.၁၅၆ | ၁၅၃၅၂.၁၄၄ | |||
၉ | ပဲယင်း | US$ | ၈.၆၁၀ | ၉.၄၀၈ | ၁၈.၀၁၈ | |
ကီလို | ၁၁၈၈၅.၇၈၆ | ၁၁၄၂၈.၀၀၀ | ၂၃၃၁၃.၇၈၆ | |||
၁၀ | ပဲကြီး | US$ | ၁.၇၅၈ | ၀.၄၈၅ | ၂.၂၄၃ | |
ကီလို | ၁၇၁၄.၄၈၆ | ၄၈၂.၅၀၀ | ၂၁၉၆.၉၈၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၁၁ | ၁.၃၀၇ | ၁.၆၁၈ | |
ကီလို | ၄၈၀.၀၀၀ | ၂၁၇၅.၀၀၀ | ၂၆၅၅.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ||||
ကီလို | ||||||
၁၄ | ပဲဖြူလေး | US$ | ||||
ကီလို | ||||||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၈၄၁ | ၀.၀၀၀ | ၀.၈၄၁ | |
ကီလို | ၁၃၀၇.၇၅၅ | ၀.၀၀၀ | ၁၃၀၇.၇၅၅ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၅၆၀ | ၀.၅၆၀ | ||
ကီလို | ၁၀၉၀.၉၈၀ | ၁၀၉၀.၉၈၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၄၂ | ၀.၆၄၂ | ||
ကီလို | ၈၈၂.၅၀၀ | ၈၈၂.၅၀၀ | ||||
၁၉ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၃၃၅ | ၁၃.၅၆၅ | |
ကီလို | ၁၅၅.၀၀၀ | ၈၆၃၉.၅၂၂ | ၈၇၉၄.၅၂၂ | |||
၂၀ | အခြားပဲ | US$ | ၀.၀၀၆ | ၀.၁၀၂ | ၀.၁၀၈ | |
ကီလို | ၅.၂၄၁ | ၁၆၈.၄၀၀ | ၁၇၃.၆၄၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၂၆.၇၉၀ | ၆၃.၀၃၀ | ၃၈၉.၈၂၀ | ||
ကီလို | ၄၂၀၁၂၂.၁၄၁ | ၇၁၉၃၇.၄၇၉ | ၄၉၂၀၅၉.၆၂၀ | |||
Source: Customs |