မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၂-၁-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၇၃၃၃၆.၈၄၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၀၈.၈၁၆)သန်း၊ နယ်စပ်မှ (၁၃၇၁၂၀.၄၆၂) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၇.၈၀၀) သန်း၊ စုစုပေါင်း (၁၂၁၀၄၅၇.၃၀၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၂၆.၆၁၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၂-၁-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ( ၁၂-၁-၂၀၂၄) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၅၅၀.၀၇၄ | ၂.၈၃၄ | ၅၅၂.၉၀၈ | |
ကီလို | ၆၀၁၅၅၂.၂၃၁ | ၂၅၅၈.၈၂၅ | ၆၀၄၁၁၁.၀၅၆ | |||
၂ | ပဲတီစိမ်း | US$ | ၁၇၄.၉၁၉ | ၃၈.၇၄၄ | ၂၁၃.၆၆၃ | |
ကီလို | ၂၅၉၁၀၆.၅၅၂ | ၅၆၉၄၃.၉၀၆ | ၃၁၆၀၅၀.၄၅၈ | |||
၃ | ပဲစဉ်းငုံ | US$ | ၁၁၆.၀၂၀ | ၀.၀၀၀ | ၁၁၆.၀၂၀ | |
ကီလို | ၁၂၇၃၉၈.၉၆၁ | ၀.၀၀၀ | ၁၂၇၃၉၈.၉၆၁ | |||
၄ | ကုလားပဲ | US$ | ၃.၄၃၀ | ၀.၀၀၀ | ၃.၄၃၀ | |
ကီလို | ၃၄၁၆.၅၅၈ | ၀.၀၀၀ | ၃၄၁၆.၅၅၈ | |||
၅ | ပဲလွန်းဖြူ | US$ | ၂၀.၁၀၁ | ၃.၁၉၅ | ၂၃.၂၉၆ | |
ကီလို | ၃၀၇၄၅.၆၇၇ | ၅၂၁၆.၉၁၈ | ၃၅၉၆၂.၅၉၅ | |||
၆ | မြေထောက်ပဲ | US$ | ၁၁.၂၇၇ | ၁၇.၃၂၅ | ၂၈.၆၀၂ | |
ကီလို | ၁၀၈၇၄.၅၆၂ | ၁၁၉၈၉.၁၄၇ | ၂၂၈၆၃.၇၀၉ | |||
၇ | ထောပတ်ပဲ | US$ | ၁၂.၉၉၀ | ၆.၇၀၆ | ၁၉.၆၉၆ | |
ကီလို | ၁၃၀၁၆.၇၆၄ | ၆၁၈၆.၅၈၁ | ၁၉၂၀၃.၃၄၅ | |||
၈ | ပဲယင်း | US$ | ၁၁.၉၄၆ | ၂၄.၁၈၂ | ၃၆.၁၂၈ | |
ကီလို | ၁၆၉၄၄.၁၃၇ | ၂၉၇၈၂.၃၆၅ | ၄၆၇၂၆.၅၀၂ | |||
၉ | ပဲကြီး | US$ | ၂.၅၅၇ | ၁.၀၉၆ | ၃.၆၅၃ | |
ကီလို | ၂၄၉၅.၂၂၁ | ၁၀၉၄.၅၀၀ | ၃၅၈၉.၇၂၁ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၉၅၉ | ၁.၉၅၉ | ||
ကီလို | ၃၀၈၉.၀၂၀ | ၃၀၈၉.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၆၅၂ | ၀.၀၀၀ | ၀.၆၅၂ | |
ကီလို | ၉၉၇.၆၈၀ | ၀.၀၀၀ | ၉၉၇.၆၈၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၃၁ | ၃.၁၃၁ | ||
ကီလို | ၅၂၂၁.၀၃၃ | ၅၂၂၁.၀၃၃ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၂.၁၃၉ | ၀.၀၀၀ | ၂.၁၃၉ | |
ကီလို | ၃၁၇၉.၈၃၈ | ၀.၀၀၀ | ၃၁၇၉.၈၃၈ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
၁၆ | ပဲနီကြား | US$ | ၁.၇၅၂ | ၁.၇၅၂ | ||
ကီလို | ၃၄၂၈.၀၁၄ | ၃၄၂၈.၀၁၄ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၇၂၃ | ၁၆.၆၄၀ | ၁၇.၃၆၃ | |
ကီလို | ၄၉၃.၅၀၁ | ၁၁၃၁၄.၅၇၃ | ၁၁၈၀၈.၀၇၄ | |||
၁၉ | အခြားပဲ | US$ | ၀.၀၂၁ | ၁.၀၇၆ | ၁.၀၉၇ | |
ကီလို | ၁၇.၄၁၅ | ၁၇၈၈.၁၀၀ | ၁၈၀၅.၅၁၅ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၀၈.၈၁၆ | ၁၁၇.၈၀၀ | ၁၀၂၆.၆၁၆ | ||
ကီလို | ၁၀၇၃၃၃၆.၈၄၇ | ၁၃၇၁၂၀.၄၆၂ | ၁၂၁၀၄၅၇.၃၀၉ | |||
Source: Customs |