မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၆၄၉၈၇.၈၄၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၁၅.၆၅၀)သန်း၊ နယ်စပ်မှ (၁၃၅၃၈၃.၃၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၆.၃၀၅) သန်း၊ စုစုပေါင်း (၁၁၀၀၃၇၁.၂၄၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၉၃၁.၉၅၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၅-၁၂-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၉၈.၄၆၅ | ၂.၈၃၅ | ၅၀၁.၃၀၀ | |
ကီလို | ၅၄၇၇၁၈.၃၄၅ | ၂၅၅၈.၈၂၅ | ၅၅၀၂၇၇.၁၇၀ | |||
၂ | ပဲတီစိမ်း | US$ | ၁၅၄.၄၂၃ | ၃၈.၅၁၆ | ၁၉၂.၉၃၉ | |
ကီလို | ၂၂၇၈၂၅.၀၄၃ | ၅၆၅၇၂.၉၀၆ | ၂၈၄၃၉၇.၉၄၉ | |||
၃ | ပဲစဉ်းငုံ | US$ | ၁၀၂.၀၃၀ | ၀.၀၀၀ | ၁၀၂.၀၃၀ | |
ကီလို | ၁၁၃၉၀၆.၄၄၈ | ၀.၀၀၀ | ၁၁၃၉၀၆.၄၄၈ | |||
၄ | ကုလားပဲ | US$ | ၃.၃၂၉ | ၀.၀၀၀ | ၃.၃၂၉ | |
ကီလို | ၃၃၂၀.၅၅၈ | ၀.၀၀၀ | ၃၃၂၀.၅၅၈ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၇.၉၆၉ | ၃.၁၉၄ | ၂၁.၁၆၃ | |
ကီလို | ၂၇၅၂၄.၅၅၆ | ၅၂၁၆.၉၁၈ | ၃၂၇၄၁.၄၇၄ | |||
၆ | မြေထောက်ပဲ | US$ | ၁၀.၂၂၀ | ၁၇.၃၂၅ | ၂၇.၅၄၅ | |
ကီလို | ၉၇၁၉.၅၆၂ | ၁၁၉၈၉.၁၄၇ | ၂၁၇၀၈.၇၀၉ | |||
၇ | ထောပတ်ပဲ | US$ | ၁၂.၂၃၂ | ၆.၆၇၈ | ၁၈.၉၁၀ | |
ကီလို | ၁၂၃၄၅.၃၁၄ | ၆၁၆၁.၅၈၁ | ၁၈၅၀၆.၈၉၅ | |||
၈ | ပဲယင်း | US$ | ၁၀.၂၉၈ | ၂၃.၈၇၉ | ၃၄.၁၇၇ | |
ကီလို | ၁၄၂၃၄.၁၉၆ | ၂၉၃၄၃.၁၁၅ | ၄၃၅၇၇.၃၁၁ | |||
၉ | ပဲကြီး | US$ | ၂.၅၃၉ | ၁.၀၉၇ | ၃.၆၃၆ | |
ကီလို | ၂၄၇၇.၂၂၂ | ၁၀၉၄.၅၀၀ | ၃၅၇၁.၇၂၂ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၂၉ | ၁.၅၂၉ | ||
ကီလို | ၂၄၀၁.၀၂၀ | ၂၄၀၁.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၅၉၈ | ၀.၀၀၀ | ၀.၅၉၈ | |
ကီလို | ၉၀၇.၆၈၀ | ၀.၀၀၀ | ၉၀၇.၆၈၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၄ | ၃.၁၁၄ | ||
ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၁.၆၀၁ | ၀.၀၀၀ | ၁.၆၀၁ | |
ကီလို | ၂၃၂၈.၇၅၅ | ၀.၀၀၀ | ၂၃၂၈.၇၅၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၇၃၆ | ၁၆.၁၂၆ | |
ကီလို | ၂၅၅.၀၀၀ | ၁၀၄၆၄.၇၅၈ | ၁၀၇၁၉.၇၅၈ | |||
၁၉ | အခြားပဲ | US$ | ၀.၀၁၉ | ၁.၀၇၅ | ၁.၀၉၄ | |
ကီလို | ၁၅.၄၁၅ | ၁၇၈၈.၁၀၀ | ၁၈၀၃.၅၁၅ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၈၁၅.၆၅၀ | ၁၁၆.၃၀၅ | ၉၃၁.၉၅၅ | ||
ကီလို | ၉၆၄၉၈၇.၈၄၄ | ၁၃၅၃၈၃.၃၉၈ | ၁၁၀၀၃၇၁.၂၄၂ | |||
Source: Customs |