မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း၊ နယ်စပ်မှ (၂၇၈၃၇၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၆၀၂၆၃၇.၈၉၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၄၂.၈၅၈)သန်း၊ နယ်စပ်မှ (၁၅၇၄၀၉.၈၄၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၆၀၀၄၇.၇၃၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၂၃၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၃၁-၃-၂၀၂၄) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၇၂၁.၉၁၁ | ၂.၉၉၆ | ၇၂၄.၉၀၇ | |
ကီလို | ၇၈၁၂၂၈.၆၁၃ | ၂၇၂၀.၈၂၅ | ၇၈၃၉၄၉.၄၃၈ | |||
၂ | ပဲတီစိမ်း | US$ | ၂၉၇.၉၅၃ | ၃၈.၉၄၀ | ၃၃၆.၈၉၃ | |
ကီလို | ၄၄၆၇၈၁.၆၇၃ | ၅၇၁၈၈.၉၀၆ | ၅၀၃၉၇၀.၅၇၉ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၁၉၈.၆၄၃ | ၀.၀၀၀ | ၁၉၈.၆၄၃ | |
ကီလို | ၂၀၇၅၉၅.၉၀၉ | ၀.၀၀၀ | ၂၀၇၅၉၅.၉၀၉ | |||
၄ | ပဲစဉ်းငုံ | US$ | ၄.၂၄၄ | ၀.၀၀၀ | ၄.၂၄၄ | |
ကီလို | ၄၃၁၄.၃၅၅ | ၀.၀၀၀ | ၄၃၁၄.၃၅၅ | |||
၅ | ကုလားပဲ | US$ | ၃၄.၀၆၇ | ၃.၄၁၁ | ၃၇.၄၇၈ | |
ကီလို | ၅၂၅၀၉.၇၄၅ | ၅၅၅၉.၉၁၈ | ၅၈၀၆၉.၆၆၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၂၁.၄၇၈ | ၂၉.၀၁၂ | ၅၀.၄၉၀ | |
ကီလို | ၂၁၃၅၈.၁၆၂ | ၂၀၈၁၆.၃၈၁ | ၄၂၁၇၄.၅၄၃ | |||
၇ | မြေထောက်ပဲ | US$ | ၁၅.၅၂၄ | ၈.၁၉၀ | ၂၃.၇၁၄ | |
ကီလို | ၁၅၁၃၉.၆၅၇ | ၇၃၈၅.၃၁၁ | ၂၂၅၂၄.၉၆၈ | |||
၈ | ထောပတ်ပဲ | US$ | ၃၀.၉၀၈ | ၂၅.၈၈၃ | ၅၆.၇၉၁ | |
ကီလို | ၄၉၀၄၅.၅၅၇ | ၃၂၃၀၁.၆၁၅ | ၈၁၃၄၇.၁၇၂ | |||
၉ | ပဲယင်း | US$ | ၂.၆၇၇ | ၁.၇၇၂ | ၄.၄၄၉ | |
ကီလို | ၂၆၁၄.၇၄၁ | ၁၇၈၀.၇၅၀ | ၄၃၉၅.၄၉၁ | |||
၁၀ | ပဲကြီး | US$ | ၃.၄၉၄ | ၃.၄၉၄ | ||
ကီလို | ၅၅၈၉.၀၀၈ | ၅၅၈၉.၀၀၈ | ||||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၇၆ | ၀.၀၀၀ | ၀.၇၇၆ | |
ကီလို | ၁၁၈၉.၆၈၀ | ၀.၀၀၀ | ၁၁၈၉.၆၈၀ | |||
၁၂ | စွန်တာပြာ | US$ | ၃.၁၄၁ | ၃.၁၄၁ | ||
ကီလို | ၅၂၃၈.၅၃၄ | ၅၂၃၈.၅၃၄ | ||||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ပဲဖြူလေး | US$ | ၉.၆၀၇ | ၀.၀၀၀ | ၉.၆၀၇ | |
ကီလို | ၁၃၉၈၈.၈၁၃ | ၀.၀၀၀ | ၁၃၉၈၈.၈၁၃ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၂၀၀ | ၀.၀၀၀ | ၀.၂၀၀ | |
ကီလို | ၂၂၈.၇၃၀ | ၀.၀၀၀ | ၂၂၈.၇၃၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၁.၈၆၅ | ၁.၈၆၅ | ||
ကီလို | ၃၆၂၃.၀၁၄ | ၃၆၂၃.၀၁၄ | ||||
၁၇ | ပဲနီကြား | US$ | ၁.၃၃၉ | ၁.၃၃၉ | ||
ကီလို | ၁၉၃၄.၅၀၀ | ၁၉၃၄.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၁.၃၄၃ | ၂၃.၅၃၈ | ၂၄.၈၈၁ | |
ကီလို | ၁၀၂၁.၈၂၅ | ၁၆၇၅၇.၉၉၀ | ၁၇၇၇၉.၈၁၅ | |||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ||||
ကီလို | ||||||
၂၁ | အခြားပဲ | US$ | ၀.၀၃၃ | ၁.၂၉၃ | ၁.၃၂၆ | |
ကီလို | ၃၁.၄၂၇ | ၂၁၀၂.၁၀၀ | ၂၁၃၃.၅၂၇ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၃၄၂.၈၅၈ | ၁၄၁.၃၈၀ | ၁၄၈၄.၂၃၈ | ||
ကီလို | ၁၆၀၂၆၃၇.၈၉၅ | ၁၅၇၄၀၉.၈၄၄ | ၁၇၆၀၀၄၇.၇၃၉ | |||
Source: Customs |