မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း၊ နယ်စပ်မှ (၂၇၈၃၇၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၅-၄-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၉၉၈.၉၅၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅.၇၉၁)သန်း၊ နယ်စပ်မှ (၁၂၁၂.၁၇၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၀၆၉)သန်း၊ စုစုပေါင်း (၆၈၂၁၁.၁၂၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၆.၈၆၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၅-၄-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၅-၄-၂၀၂၄) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၂၃.၂၂၂ | ၀.၀၆၂ | ၂၃.၂၈၄ | |
ကီလို | ၂၄၃၄၀.၄၉၀ | ၆၆.၀၀၀ | ၂၄၄၀၆.၄၉၀ | |||
၂ | ပဲတီစိမ်း | US$ | ၁၃.၉၅၀ | ၁၃.၉၅၀ | ||
ကီလို | ၂၁၃၇၅.၇၃၃ | ၂၁၃၇၅.၇၃၃ | ||||
၃ | ပဲစဉ်းငုံ | US$ | ၁၀.၆၅၄ | ၁၀.၆၅၄ | ||
ကီလို | ၁၀၂၅၀.၀၀၀ | ၁၀၂၅၀.၀၀၀ | ||||
၄ | ကုလားပဲ | US$ | ၀.၂၆၄ | ၀.၂၆၄ | ||
ကီလို | ၂၉၆.၅၃၆ | ၂၉၆.၅၃၆ | ||||
၅ | ပဲလွန်းဖြူ | US$ | ၁.၄၃၁ | ၁.၄၃၁ | ||
ကီလို | ၂၁၉၉.၁၃၀ | ၂၁၉၉.၁၃၀ | ||||
၆ | မြေထောက်ပဲ | US$ | ၁.၀၉၈ | ၁.၀၉၈ | ||
ကီလို | ၁၀၆၁.၃၆၂ | ၁၀၆၁.၃၆၂ | ||||
၇ | ထောပတ်ပဲ | US$ | ၁.၀၂၇ | ၀.၃၁၃ | ၁.၃၄၀ | |
ကီလို | ၈၉၉.၅၀၀ | ၂၇၉.၀၀၀ | ၁၁၇၈.၅၀၀ | |||
၈ | ပဲယင်း | US$ | ၂.၁၉၂ | ၀.၁၄၁ | ၂.၃၃၃ | |
ကီလို | ၄၀၄၅.၅၁၀ | ၂၃၉.၉၉၀ | ၄၂၈၅.၅၀၀ | |||
၉ | ပဲကြီး | US$ | ၀.၇၀၈ | ၀.၂၁၈ | ၀.၉၂၆ | |
ကီလို | ၇၉၄.၂၁၈ | ၂၃၈.၀၀၀ | ၁၀၃၂.၂၁၈ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၁၃၉ | ၀.၁၃၉ | ||
ကီလို | ၂၃၂.၄၇၃ | ၂၃၂.၄၇၃ | ||||
၁၁ | စွန်တာပြာ | US$ | ||||
ကီလို | ||||||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ||||
ကီလို | ||||||
၁၃ | ပဲဖြူလေး | US$ | ||||
ကီလို | ||||||
၁၄ | ဘိုကိတ်ပဲ | US$ | ၀.၉၃၉ | ၀.၉၃၉ | ||
ကီလို | ၁၃၇၂.၅၀၀ | ၁၃၇၂.၅၀၀ | ||||
၁၅ | ပဲပုတ်စေ့ | US$ | ||||
ကီလို | ||||||
၁၆ | ပဲနီကြား | US$ | ၀.၀၈၂ | ၀.၀၈၂ | ||
ကီလို | ၁၃၆.၀၀၀ | ၁၃၆.၀၀၀ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၀၈၉ | ၀.၀၈၉ | ||
ကီလို | ၁၃၆.၀၀၀ | ၁၃၆.၀၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၁၄၉ | ၀.၁၆၄ | ၀.၃၁၃ | |
ကီလို | ၁၁၂.၇၀၀ | ၁၁၇.၁၈၀ | ၂၂၉.၈၈၀ | |||
၁၉ | အခြားပဲ | US$ | ၀.၀၁၈ | ၀.၀၁၈ | ||
ကီလို | ၁၈.၈၀၄ | ၁၈.၈၀၄ | ||||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၅.၇၉၁ | ၁.၀၆၉ | ၅၆.၈၆၀ | ||
ကီလို | ၆၆၉၉၈.၉၅၆ | ၁၂၁၂.၁၇၀ | ၆၈၂၁၁.၁၂၆ | |||
Source: Customs |