ကုန်စည်ကူးသန်းအေးချမ်းစည်ကားနေသောကော့သောင်းမြို့

ကော့သောင်းကုန်သွယ်ရေးစခန်းမှ (၃၀-၁၁-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၇၀၇) တန်၊ တန်ဖိုး (၀.၆၇၃) ဒေါ်လာသန်းနှင့် ဆီအုန်းသီး (၁၉၀)တန်၊တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်အနေဖြင့် သန့်စင်ဆေးရည် (၁) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ရှူဆေးဘူး (၁)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်းနှင့် ကားအောက်ခံဆေးရည် (၅) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း တင်သွင်း ခဲ့သည်။ (၁-၁၂-၂၀၂၂) ရက်နေ့တွင် ငါးမျိုးစုံ (၄၇၀) တန်၊ တန်ဖိုး (၀.၄၂၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် တင်သွင်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ (၂-၁၂-၂၀၂၂)ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၆၈၁) တန်၊ တန်ဖိုး (၀.၆၇၉) ဒေါ်လာသန်းနှင့် ဆီအုန်းစေ့ (၉၀)တန်၊တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အနေဖြင့် ပီလောပီနံမှုန့် (၁၂၀)တန်၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း တင်သွင်းခဲ့ ကြောင်း သိရသည်။