ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ (Common Seed Black Cardamon) ရှောက်ကောတင်ပို့မှု အခြေအနေ

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းရှိ ချီဗွေ၊ ဆော့လော်နှင့် ကန်ပိုက်တီ ဒေသပတ်ဝန်းကျင်မှ ထွက်ရှိသော ရှောက်ကောများအား ယခု ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည်။ ရှောက်ကော (၁) တန်လျှင် (၅၀၀၀)ယွမ်နှုန်းဖြင့်  တင်ပို့ရောင်းချကြ ပြီး အဆိုပါ ရှောက်ကောအား တရုတ်နိုင်ငံတွင် ပေါင်းခံပြုပြင်ကာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြကြောင်း သိရှိရသည်။