မောင်တောမြို့အတွင်းအခြေခံစားကုန်ဈေးနှုန်းနှင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်ဈေးနှုန်း၊ ငွေလဲနှုန်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့

မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး(အဟောင်း) (၁) အိတ် (၇၀၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၆၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၄၅၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၅၀၀၀) ကျပ်၊ ကြက်ဥ (၄) လုံး (၁၀၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၇၀၀၀) ကျပ်။တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၃၁၉.၀၀၀) တာကာ၊ ကြက်သွန်နီ (၁) ကီလို (၃၉.၀၀၀ တာကာ)၊ အာလူး (၁) ကီလို (၂၅.၀၀၀ တာကာ)၊ခရမ်းချဉ်သီး (၁) ကီလို (၆၀.၀၀၀ တာကာ)၊ကြက်သား (၁) ကီလို (၂၂၉.၀၀၀ တာကာ)၊ကြက်ဥ (၁) ဒါဇင် (၁၁၉.၀၀တာကာ) ဈေးရှိကြောင်း သိရှိရပြီး (၁၆-၀၁-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၈၅၉) ကျပ်၊ (၁၁၃) တာကာ၊ ၁၀၀ ကျပ်လျှင်(၃.၉၅) တာကာ၊ (၁) တာကာလျှင် (၂၅.၃၀) ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။