ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ြေခအနေ

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပို့ကုန် တန်ချိန် (၁၈၄၇၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၉.၆၆၃)သန်း၊ သွင်းကုန်တန်ချိန် (၄၉၇)၊ (၄၀၆) U၊ (၅၀၀၅) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၈၄၇)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၁၀ သန်း ဖြစ်သည်။ အများ ဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်ဖြစ်ပြီး၊ သီဟိုဠ်စေ့၊ ဆီအုန်း၊ အုန်းဖက်အက်စစ် (Palm Fatty Acid)၊ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ငါးမျှားကြိုး၊ ပုလင်းဖုံး၊ ဓာတ်ဆီ၊ ဒီဇယ်၊ ကားမှုတ်ဆေး၊ ဝါဂွမ်း၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ရေကူးကန်သုံးပစ္စည်း၊ နိုင်လွန်ကြိုး၊ မီးသွေးမှုန့်၊ နှင်းရည်၊ ပီလောပီနံမှုန့်၊ ငါးဖမ်းပိုက်၊ ဒီဇယ်၊ ကန့်၊ သံကြိုးခွေ၊ ငှက်သိုက်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်များ ဖြစ်ကြောင်း သိရှိရသည်။