တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ‌ဇွန်လ(၁၄)ရက်နေ့မှ (၂၅)ရက်နေ့ထိကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၂၈ ဒေါ်လာသန်း၊ စီးကရက် ၀.၃၉၅ ဒေါ်လာသန်းသွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၄၂၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

ဇွန်လ (၂၆)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၂) ကျပ်၊ ၁ဒေါ်လာ (၉၁.၃၀) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန် (၁၀) မျိုးမှာ ဝေဖာ ၁ Kg လျှင် (၀.၆၄)ဒေါ်လာ၊ ၈၀၀၀ Kg လျှင် (၀.၀၀၅) ဒေါ်လာသန်း၊ ဆီးသီးထုပ် ၁ Kg လျှင် (၀.၃၃) ဒေါ်လာ၊ ၁၀၀၀ Kg လျှင် (၀.၀၀၀၃) ဒေါ်လာသန်း၊ ငါးသေတ္တာ ၁ Kg လျှင် (၀.၂၉)ဒေါ်လာ၊ ၅၀၈၄ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ အချိုရည် ၁ Kg လျှင် (0.၂၉)ဒေါ်လာ၊  ၄၀၀၀ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်း၊ ဈေးလွယ်အိတ် ၁ Kg လျှင် (၀.၅၃) ဒေါ်လာ၊ ၉၅၅ Kg လျှင် (၀.၀၀၁) တို့ဖြစ်ပြီး စီးကရက် 1 တန် လျှင် (၂၁၄၀) ဒေါ်လာ၊ ၆၂.၆၄၀ တန်လျှင် (၀.၁၄၉)ဒေါ်လာသန်း ယခုအပတ် သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ်မှာ (၁၂)ဘီးတစ်စီးလျှင် (၁၅.၈)တန်ခန့် ကုန်ပိဿာအနေဖြင့် (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ် အနေဖြင့် (၁၂) ဘီး တစ်စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-) ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဆီးသီးထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူ စရိတ်မှာ  (၁၂)ဘီး တစ်စီးလျှင် (၈)တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀) မှ (၅၀၀၀)ပိဿာထိ သယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂) ဘီးတစ်စီး လျှင် (၁၁၀၄၀၀၀/ -မှ ၁၁၅၀၀၀၀/-) ထိရှိသည်။ Nitrogen Fertilizer, Neem Coated Urea Fertilizer (Mukta) အမျိုးအစားဓာတ်မြေဩဇာအား တစ်အိတ်လျှင် (၄၅/၅၀) Kg၊ အိတ်ရေ (၃၀၀) ခန့်ဖြင့် (၁၂) ဘီးတစ်စီးလျှင် (၁၆)တန်ခန့်တင်ဆောင်နိုင်ပြီး ကလေး-မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ (၁၂)သိန်း ရှိကြောင်းသိရှိရပါသည်။ ဆံပင်အား တစ်အိတ်လျှင်(၃၀)Kg၊ အိတ်ရေ (၁၄၀) ခန့်ဖြင့် (၆) ဘီး တစ်စီးလျှင် (၄)တန်ခန့်တင်ဆောင်နိုင်ပြီးတမူး-မန္တလေး သယ်ယူစရိတ်အနေဖြင့် (၁၀) သိန်းခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာ‌စျေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုးအစား အလိုက် ကားခစျေးနှုန်းမှာ ကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွ တစ်ပိဿာလျှင်(၁၇၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊  (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက(၁၅.၈)တန်ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈) တန်ခန့်ဖြင့်လည်းကောင်း၊ (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိတင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၉၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀)မှ (၅၀၀၀) ပိဿာထိ တင်ဆောင်နိုင်ပြီး တစ်တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀) ကျပ်ဖြင့်လည်းကောင်း သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက်မှစ၍ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူကီး(ချင်း)လူမျိုးများနှင့် ကသဲလူမျိုးများအကြား အဓိကရုဏ်းဖြစ်ပွားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိကြောင်းသိရှိရပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခြေအနေမှာ တမူး-ကလေးလမ်း‌ကြောင်းတစ်လျှောက်ရှိ ပန်းသာရွာအနီးတွင် လုံခြုံရေးအရ လမ်းကြောင်းများ ခေတ္တယာယီမျှသာပိတ်ထားကြောင်း သိရှိရသည်။