မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/ တင်သွင်းနိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း ၊ ငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၂၄၀) တန် ၊ တန်ဖိုး (၀.၂၁၉) ဒေါ်လာသန်း ၊ စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၂၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် ရန်ကုန်လမ်းကြောင်း ကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဘက်ထရီအိုး (၂၂၃၂) U  ၊ တန်ဖိုး (၀.၀၅၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၂၁၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။