စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှ (၁၂)ရက်နေ့အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ မှ(၁၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန် ဒေါ်လာ (၀.၀၆၉၃)သန်းနှင့်သွင်းကုန်အမေရိကန်ဒေါ်လာ(၀.၀၉၉၇)သန်းစုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၆၉)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။
တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၃၃)တန်၊ တန်ဖိုး (၀.၀၁၃၃) ဒေါ်လာသန်း၊ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၉၉)တန်၊ တန်ဖိုး (၀.၀၁၁၄) ဒေါ်လာသန်း၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၅၁)တန်၊ တန်ဖိုး (၀.၀၂၃၀) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၁၇)တန်၊ တန်ဖိုး (၀.၀၀၅၁) ဒေါ်လာသန်း၊ နနွင်းတက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၀)နှုန်းဖြင့် (၃)တန်၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၆)တန်၊ တန်ဖိုး (၀.၀၀၇၇) ဒေါ်လာသန်း၊ ငါးမြစ်ချင်း (၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၂.၄)တန်၊ တန်ဖိုး (၀.၀၀၃၂) ဒေါ်လာသန်း နှင့် ဆီးယိုထုပ်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း တို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် Plastic Water Tank (၇၁.၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၉၉၇)သန်းတင်သွင်းနိုင်ခဲ့ပါသည်။
ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၈)တာကာနှင့် (၁)တာကာလျှင် (၂၈.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁) ပိဿာ(၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိ ရပါသည်။
ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေ အနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၂) ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာပေါက်စျေးမှာ (၁)တန်လျှင် (၈၇၇၁၉.၃၀)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၅၂၆.၃၂) တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၃၉၃.၉၆)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၃၇၅.၆၁) တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၃၇၄.၀၄)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၃၈၆.၈၁) တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၁၄၀၃.၅၁)တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက် အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၈.၅၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက ထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။