ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှစက်တင်ဘာလ(၁၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၆၄)ဒေါ်လာ သန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ (၁၈.၆၄၂) ဒေါ်လာသန်း ဆောင် ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့်ပို့ကုန်(၄၆၀)စီး၊ သွင်းကုန်(၇၃၆) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။

         ယခင်အပတ်၂၀၂၃ခုနှစ်၊စက်တင်ဘာလ (၂)ရက်နေ့မှ စက်တင်ဘာလ(၈) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၆.၀၄၃) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၇.၇၁၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၃.၇၆၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက  ပို့ကုန်တန်ဖိုး (၀.၉၇၉) ဒေါ်လာသန်း ၊ သွင်းကုန်တန်ဖိုး (၄.၁၄၀) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၅.၁၁၉) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

        တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်ကွဲ၊ ပဲလွန်းဖြူ၊ပဲတီစိမ်း၊ ထောပတ်ပဲ၊  စွန်တာနီ၊ ပဲယင်း၊ နိုင်လွန်ပဲ ၊ မြေပဲဆံ၊ ရာဘာ၊ ရာဘာကြမ်း၊  ဝဥခြောက်တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်  ယခင်တစ်ပတ်အောက်(၀.၉၇၉) ဒေါ် လာသန်း လျော့နည်းခဲ့ခြင်းဖြစ်ပါသည်။

        တင်သွင်းသည့်သွင်းကုန်အမယ်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း  တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ အင်ဂျင်များ၊ ဝါယာကြိုးများ၊ စက်ဘီးအပိုပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်အပိုပစ္စည်းများ၊ လေအေးပေးစက်များ၊ စက်နှင့်စက်အပိုပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံသံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လျော့နည်းတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက်(၃.၅၁၈) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

        လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာများ၊သားရေတု ပြုလုပ်သောပစ္စည်းများ ၊ ကုန်ထုတ်စက္ကူများ ၊ ချည်ခင်များ ၊ တာယာနှင့် ကျွတ်များ၊ ပိုမိုတင်သွင်းခဲ့သော်လည်း ဓါတ်ဆေး ဆိုးဆေးများ၊ သုတ်ဆေး ၊ ပေါလစ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ ၊ ဓါတုဗေဒပစ္စည်း များ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက်(၁.၂၈၅) ဒေါ်လာ သန်း လျော့နည်းခဲ့ပါသည်။

        လူသုံးကုန်ပစ္စည်းအုပ်စုတွင်အပ်ချည်ကြိုးများ ၊ ဇာနှင့်ထိုးထားသောအထည်အလိပ်များ ၊အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း ဘထ္ထရီခြောက် ၊ လျှပ်စစ်မီးသီးနှင့် မီး ချောင်းများ ၊ ဆေးဝါးများ၊ ပရိဘောဂများ ၊အချိုမှုန့် ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ ၊   ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၆၆၃) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

        ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာရော်ဘာ(၈၀၈.၅၀၀)တန်၊(၀.၉၇၉)ဒေါ်လာ သန်း၊ ပဲတီစိမ်း (၁၀၀၂.၅၀၀ )တန်၊ ( ၀.၇၉၆)ဒေါ်လာသန်း၊ ပဲယင်း(၉၈၅.၉၀၀)တန်၊ ( ၀.၇၆၅ ) ဒေါ်လာသန်း၊ ပြောင်း (၁၉၅၁.၅၀၀) တန်၊ (၀.၅၄၈)ဒေါ်လာသန်း၊မြေထောက်ပဲ (၂၆၆.၅၀၀) တန်၊ (၀.၃၉၄)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၅၇၈.၅၀၀)တန်၊(၀.၃၅၉ )ဒေါ်လာသန်း၊ ဆန်ကွဲ (၄၈၃.၂၅၀) တန်၊ (၀.၁၉၄)ဒေါ်လာသန်း၊ စွန်တာနီပဲ (၃၀၅.၉၈၉) တန်၊ (၀.၁၈၃)ဒေါ်လာသန်း၊ ပဲနီကြား (၃၅၈.၀၀၀)တန်၊ (၀.၁၇၅)ဒေါ်လာသန်း၊ CMP (၂၅၈၄၄) ခု ၊ (၀.၁၆၈) ဒေါ်လာသန်း ဖြစ်ပါသည်။

        ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်( ၁၀ )မျိုးမှာ ချည်ထည်များ (၅.၀၄၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း(၂.၈၆၃ ) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၄၅၄) ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၂၅၁)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၇၀၈) ဒေါ်လာ သန်း၊ဓာတ်မြေသြဇာများ(၀.၅၉၅)ဒေါ်လာသန်း၊ သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ (၀.၂၃၄) ဒေါ်လာသန်း၊ ရင်းနှီးအခြားပစ္စည်း (၀.၂၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၂၁၀) ဒေါ်လာသန်း ၊ စက်နှင့်စက်ပစ္စည်းများ( ၀.၁၉၆ ) ဒေါ်လာသန်းဖြစ်ပါသည်။

        ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခတစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏ (၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀) ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်      (အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀)ယွမ်နှုန်း ရှိကြောင်းသိရှိရသည်။

        မန္တလေး၊လားရှိုး၊ သိန္ဒီ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၆၄) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့်(၁၈.၆၄၂)ဒေါ်လာသန်း ယခင်နှစ်ကာလတူ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၂.၂၇၉)ဒေါ်လာသန်း၊ သွင်းကုန် (၂.၉၆၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ ( ၅.၂၄၇ )ဒေါ်လာသန်းဖြစ်၍ ယခင်နှစ် ကာလတူထက် ပို့ကုန် (၂.၇၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၆၁၀) ဒေါ်လာသန်းပိုမိုခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၁၃.၃၉၅) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။

        တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း ၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ ဘိုကိတ်ပဲ၊ ပဲနီကြား ၊ပဲကြီး၊နှမ်းနက်၊ လက်ဖက်ခြောက်၊ ရာဘာကြမ်း၊ အရက်ဆီ နှင့် CMP ပစ္စည်းများ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

        ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင်(၁၇၀) ကျပ်ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ်ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏(၁)တန်ဈေးနှုန်းမှာဆန်(၃၂၀၀)ယွမ်နှုန်း၊ ဆန်ကွဲ(၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀)ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀)ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀)ယွမ်နှုန်းရှိကြောင်းသိရှိရသည်။

        မန္တလေး၊လားရှိုး၊ သိန္ဒိ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။