မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၁။      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ(၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးကြိတ်သားနှင့် CMP ပစ္စည်းများကိုတင်ပို့ခဲ့ပါသည်။ 

၂။     (၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများဖြစ်ပါသည်။

၃။     ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြှင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

၄။     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။     (၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေ ဖြင့်တိရစ္ဆာန်အစာ၊စက်ဘီး၊အဝတ်အထည်၊ စာရေးကိရိယာ၊ကားအပိုပစ္စည်း၊ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန် ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိ ယာများ၊ ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

၆။     (၃-၁၀-၂၀၂၃)ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာအဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊စက်နှင့် စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

၇။     ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၀.၉၀)ကျပ် ရှိပြီး ယခုအပတ် တွင် (၉၂.၅၉) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။

၈။     (၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၃၉၇၇၆) U၊ (၄၁.၄၁၂) တန် (၂.၁၃၇)‌ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၆၉၉.၁၈၇) ဒေါ်လာဖြင့် (၁၄၇၃.၁၄၀)တန်  (၁.၀၃၀) ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန် လျှင်(၁၆၂၉.၉၂၇) ဒေါ်လာဖြင့် (၃၂၅.၁၆၈)တန် (၀.၅၃၀) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁)တန်လျှင် (၄၂၅၀)ဒေါ်လာဖြင့်(၇၂)တန်(၀.၃၀၆)ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင်(၁၅၁၇.၀၅၄) ဒေါ်လာ ဖြင့် (၁၉၁.၁၆၀) တန် (၀.၂၉၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၃၆.၀၅၀) ဒေါ်လာဖြင့်(၆၁၆.၉၀၂)တန်(၀.၂၆၉)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၂.၀၅၇) ဒေါ်လာ ဖြင့် (၈၂၆.၅၀၀) တန် (၀.၁၆၇) ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၁၈၇.၅၀၀) ဒေါ်လာဖြင့် (၁၂၈) တန် (၀.၁၅၂) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်း များ (၁) တန်လျှင် (၁၃၇၀) ဒေါ်လာဖြင့် (၁၀၀)တန် (၀.၁၃၇) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၁၄၇၅.၆၂၆) ဒေါ်လာဖြင့် (၁၈.၉၇၅) တန် (၀.၀၂၈) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၉။     (၃၀-၉-၂၀၂၃မှ၆-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀) မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၈၇၃)ဒေါ်လာသန်း၊ အခြားစက္ကူများ(၁.၁၀၇) ဒေါ်လာ သန်း၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ (၀.၈၆၇)ဒေါ်လာသန်း၊ ချည်ထည်များ (၀.၇၆၂) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၇၀၀)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၆၉၇) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၆၈၅) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၆၈၂) ဒေါ်လာသန်း၊စက်နှင့်စက်ပစ္စည်းများ(၀.၆၃၆)ဒေါ်လာသန်းနှင့် ဝါယာကြိုးများ (၀.၅၉၁) ဒေါ်လာ သန်းတို့ဖြစ်ပါသည်။

၁၀။   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့ အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၄.၈၃၇)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၄.၈၃၄)ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၁၉.၆၇၀) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။