တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ၊ သွင်းကုန် ကုန်သွယ်နိုင်မှု

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့်ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (ဧပြီလမှစက်တင်ဘာလထိ)ပို့ကုန်ကန်ဒေါ်လာ(၃၁.၁၇၅) သန်း၊သွင်းကုန်ကန်ဒေါ်လာ(၅၁.၈၇၅)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၈၃.၀၅၀)သန်းဆောင် ရွက်နိုင်ခဲ့ပါသည်။ (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် Maganese Dioxide (၂၇၆) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့် ကြက်သွန်နီ (၃၀) တန်၊ တန်ဖိုး (၀.၀၂၂)ဒေါ်လာ သန်းနှင့် စက္ကူဖြတ်စ (၃၈) တန် တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၀၄၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၈၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (စက်တင်ဘာလထိ)တွင် လျာထားချက်အပေါ် (၁၁၀.၃၇ %) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၁၀-၁၀-၂၀၂၃ ရက်နေ့တွင်ဘိလပ်မြေ (၈၁၀) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊​ကြွေပြား(၂၇၁၈) M2၊တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၁) သန်း၊ သံချောင်း(၈.၁၃၀) တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ရေပိုက် (၃၃)U ၊ တန်ဖိုး (၀.၀၀၅)  ‌ဒေါ်လာသန်း၊ မီးခံအုတ် (၃၁.၅) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား(၁၉.၈၃၂) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စားသောက်ကုန်(Chocolate Flavoured Ice Confection)(၃.၂၁၆)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။