ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၀၉ရက်နေ့မှ၁၀ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၆၀၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၃၈)သန်းနှင့်သွင်းကုန်တန်ချိန်(၃၀) ၊ BBL (-)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၅)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ(၁.၆၅၃) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင် သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဘောင်းကြေးငါးတန်ချိန် (၈၂.၁၈၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇၃၉၆၂.၀၀)၊(၁)တန်ဈေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ငါးချဉ်ပေါင်တန်ချိန်(၉၄.၀၉၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၁၃၇၆.၁၀)၊ (၁) တန်ဈေးနှုန်း (၁၂၉၀) အမေရိကန်ဒေါ်လာ၊စက်ကလပ် တန်ချိန်(၃.၁၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃၉၁၈.၄၀)၊ (၁)တန်စျေးနှုန်း (၁၂၄၀)အမေရိကန် ဒေါ်လာ၊ တာတိုငါးတန်ချိန်(၁၃၂.၀၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၆၆၄၂၀.၈၀)၊(၁)တန်စျေးနှုန်း (၁၂၆၀) အမေရိကန်ဒေါ်လာ၊ ငါးမုတ်မဲတန်ချိန် (၁.၁၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၄၈၆.၄၀)၊ (၁)တန် စျေးနှုန်း(၂၂၂၀)အမေရိကန်ဒေါ်လာ၊ကြိမ်မွေ့တောင်းငါးတန်ချိန် (၃.၂၁၅)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၅၂၄၀.၄၅)၊ (၁) တန်စျေးနှုန်း (၁၆၃၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန် (၆၀.၇၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၆၃၇၄၅.၅၀)၊(၁)တန်စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ ပလာတူးငါးတန်ချိန်(၂၆.၆၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၆၀၆၈.၀၀)၊ (၁)တန်စျေးနှုန်း (၉၈၀) အမေရိကန်ဒေါ်လာ၊ကင်းမွန် တန်ချိန်(၁၇.၉၅၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၄၄၁၅၇.၀၀)၊ (၁) တန် စျေးနှုန်း(၂၄၆၀)အမေရိကန်ဒေါ်လာ၊ပုစွန်တန်ချိန်(၂.၂၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၅၄၄.၀၀)၊ (၁)တန် စျေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာပီလောပီနံမှုန့် တန်ချိန် (၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၅၀၀၀)၊(၁)တန်ဈေးနှုန်း (၅၀၀) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

      ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၁၁-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၉၃.၀၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၁.၅) ကျပ်ခန့် (၉-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ် လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၀၅၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။