ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့တို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ရက်နေ့မှ၂၄ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၀၄)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၂၇၀)သန်း နှင့် သွင်းကုန် တန်ချိန် (၆၂) ၊တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၈)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၁.၃၁၈) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၂၈၀.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၄၀၀၀.၀၀)၊(၁)တန် ဈေးနှုန်း (၈၅.၇၁)အမေရိကန်ဒေါ်လာ၊ ပုစွန်တန်ချိန်(၂.၂၈၀)၊တန်ဖိုးအမေရိ ကန်ဒေါ်လာ (၁၁၈၅၆.၀၀)၊ (၁) တန်ဈေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာ၊ငါးဇင်းပြား တန်ချိန် (၁၈.၁၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၂၈၉၃.၆၀)၊ (၁)တန်စျေးနှုန်း(၇၁၀) အမေရိကန်ဒေါ်လာ၊ ဘေးဝါတန်ချိန်(၃၇.၂၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၃၉၅.၉၀)၊(၁)တန်စျေးနှုန်း (၇၉၀) အမေရိ ကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၂၀.၈၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၈၃၇၄.၄၀)၊ (၁)တန် စျေးနှုန်း (၈၈၀)အမေရိကန်ဒေါ်လာ၊ကဗျက်တန်ချိန် (၃၂.၇၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၄၁၃.၂၀)၊ (၁)တန်စျေးနှုန်း (၁၀၈၀)အမေရိကန်ဒေါ်လာ၊ ငါးခွေးလျှာ တန်ချိန် (၈.၃၂၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၉၃၁၈.၄)၊(၁)တန်စျေးနှုန်း(၁၁၂၀)အမေရိကန်ဒေါ်လာ၊ကြိမ်မွေ့တောင်းတန်ချိန်(၄.၂၄၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၆၆၁၄.၄၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀)အမေရိကန်ဒေါ်လာ၊ ငါးမဲလုံး တန်ချိန်(၂၉.၁၁၅)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၃၄၆၄၆.၈၅)၊ (၁)တန်စျေးနှုန်း (၁၁၉၀)အမေရိကန် ဒေါ်လာ၊ပလာတူးငါး တန်ချိန် (၂၁.၈၉၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၄၅၇.၁၀)၊ (၁)တန်စျေး နှုန်း (၉၈၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာပီလောပီနံမှုန့် တန်ချိန် (၁၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၀၀၀) ၊ (၁) တန်ဈေးနှုန်း (၄၆၆.၆၆) အမေရိကန်ဒေါ်လာ၊ ဓါတ်မြေဩဇာ တန်ချိန် (၂၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၃၀၀၀) ၊ (၁)တန်ဈေးနှုန်း (၈၈၄.၆၁) အမေရိ ကန်ဒေါ်လာ၊ ပလပ်စတစ်ပိုက်အမျိုးမျိုးတန်ချိန် (၂၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၀၀၀) ၊ (၁) တန်ဈေးနှုန်း (၈၅၇.၁၄) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန်ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၅-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၁၀၄.၉၀)ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၀.၅) ကျပ်ခန့် (၂၄-၁၀-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် မြန်မာငွေ (၁) ကျပ်ခန့်မြင့်တက်လျက်ရှိသည်။ စက်သုံး ဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၂၆၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၂၆၀၀) ကျပ်ဖြင့် ကျဆင်းလျက်ရှိသည်။