တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန်ကုန်သွယ်နိုင်မှု

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့
 

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၀-၁-၂၀၂၄ မှ ၂၆-၁-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၄၆၃.၁) တန်၊ တန်ဖိုး (၀.၃၄၉) ဒေါ်လာသန်း၊ လိမ္မော်သီး (၅၂.၈) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ကြက်သွန်နီ(၆၈) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ထောပတ်သီး(၃၉၀) တန်၊ တန်ဖိုး (၀.၂၁၇)ဒေါ်လာသန်း၊စက္ကူဖြတ်စ (၁၄၆) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၄) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၆၄၈) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၂) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၂၀-၁-၂၀၂၄ မှ ၂၆-၁-၂၀၂၄) တွင် ဓာတ်ဆီ(2392) BBL ၊ တန်ဖိုး(၀.၂၄၃) ဒေါ်လာသန်း၊ ဒီဇယ် (1834) BBL ၊ တန်ဖိုး(၀.၂၀၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၁၁၁) ဒေါ်လာသန်း၊ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၁) ဒေါ်လာသန်း၊တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၅၅၂) ဒေါ်လာသန်း၊သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၉၃) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၃၁) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၃၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၃) ဒေါ်လာသန်း ၊ တာယာနှင့်ကျွတ်များ(၀.၀၇၉)ဒေါ်လာသန်း၊မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၆)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၁)ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၁.၆၇၆)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။