ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ (၂၇)ရက်နေ့ထိ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့
 

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၇၆၈၀၀) တန်၊ တန်ဖိုး(၂၆.၇၁၃) ဒေါ်လာသန်း၊ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၇၅) တန်၊ တန်ဖိုး(၀.၀၆၄)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၁) တန်၊ တန်ဖိုး(၀.၅၁၉) ဒေါ်လာသန်း၊ ရော်ဘာတန်ချိန်(၁၀၅)တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်း ၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၆၆၈) တန်၊ တန်ဖိုး(၀.၄၁၆)ဒေါ်လာသန်း၊ဆန် တင်ပို့မှုအနေဖြင့် တန်ချိန် (၈၈၀) တန်၊ တန်ဖိုး (၀.၅၀၁)ဒေါ်လာသန်းကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၂၃၀) တန်၊ တန်ဖိုး(၀.၁၀၈)ဒေါ်လာသန်း နှင့်ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန်(၃၆၀)တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၆၁၄.၀၀) တန်၊ တန်ဖိုး(၀.၆၃၈)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၂၂၈.၀၀) တန်၊ တန်ဖိုး (၁.၀၄၀) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၂၂၆.၀၀) တန်၊ တန်ဖိုး (၀.၈၆၄) ဒေါ်လာသန်းတို့ တင်သွင်း နိုင်ခဲ့ပါသည်။
 

         ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်း မဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။