လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် တရုတ်နိုင်ငံသို့ ၁၉-၃-၂၀၂၄ မှ ၂၃-၃-၂၀၂၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် ၁၈၁.၀၀ တန်၊ ဆန်ကွဲ ၃၀၀.၂၅ တန်၊ ငရုတ်သီးခြောက် ၃၃၁.၆၃ တန်၊  သခွားမွှေး ၂၈၈.၀၀ တန်၊ ထောပတ်ပဲ ၂၂၅.၀၀ တန်၊ သီဟိုဠ်စေ့ ၃၁.၂၀ တန်၊ ပဲနီကြား ၆၆.၀၀ တန်၊ မြေထောက်ပဲ ၁၂၁၈.၅၀ တန်၊ ဖရဲသီး ၁၉၂၇.၅၀ တန်၊ ပဲလွန်းဖြူ ၆၅.၅၀ တန်၊ ကြံ ၃၀.၀၀ တန်၊ တစ်သျှူးငှက်ပျော ၅၄၅၆.၀၀ တန်၊ ပဲယင်း ၃၀၁.၂၅ တန်၊ ကော်ဖီစေ့ ၆၈.၀၀ တန်၊ ကျွဲသားခြောက် ၁၀.၅၀ တန်၊ ကော်ဖီမစ် ၇.၄၀ တန်၊ မြေပဲဆံ ၂၂၄.၀၀ တန်၊ ဖရုံသီး ၉၇.၀၀ တန်၊ ချဉ်ပေါင်ဖာလာ ၇၄.၈၀ တန်နှင့် ကြက်သွန်နီ ၁၄၁.၀၀ တန် တင်ပို့နိုင်ခဲ့သည်။
 

   သွင်းကုန်ပိုင်းတွင် သံ၊ ဂျပ်ဖာ၊ တာယာ၊ ကုန်စုံ၊ စက္ကူ၊ ဖော့၊ ဆေး၊ ကော်စေ့၊ ကြက်အူချောင်း၊ မြက်ခင်းတုနှင့် ပလပ်စတစ်တို့ တင်သွင်းနိုင်ခဲ့သည်။

DOT (လွယ်ဂျယ်)