ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာ သန်းဖြစ်သည်။
 

   ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၃၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၁၁၈) ဒေါ်လာသန်း၊ စုစုပေါင်း (၂.၅၀၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၂.၈၃၆ %) ဆောင်ရွက်နိုင်ခဲ့သည်။

   ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော (၆၈၂၅) တန်၊ တန်ဖိုး (၂.၃၇၂) ဒေါ်လာသန်း၊ ဖရဲသီး (၇၅) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် ရွှေဖရုံသီး (၂၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်ပစ္စည်းများမှာ သံပြား၊ သံပိုက်၊ မြက်ခင်းတု၊  ပန်းသီး ၊ လိမ္မော်သီး၊ ကြွေပြားနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၅) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ လုပ်ငန်း သုံးပစ္စည်းတန်ချိန် (၆၆) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်းတန်ချိန် (၆၉) တန်၊ တန်ဖိုး (၀.၄၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့သည်။
 

DOT (ကံပိုင်တည်)