ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။
 

ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁၉.၀၂၉) ဒေါ်လာသန်း၊ သွင်းကုန် (၂.၃၅၂)ဒေါ်လာသန်း၊ စုစုပေါင်း (၁၉.၀၀၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၁၅.၅၇၃%) ဆောင်ရွက်ပြီးဖြစ်သဖြင့် ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက် အပေါ် ပြည့်မီကျော်လွန် အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ဒီဇင်ဘာလ (၂၆)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရွှေဖရုံသီး၊ သခွါးမွှေး၊ Marble Stone ၊ ရော်ဘာ၊ ငရုတ်သီး၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ ပါသည်။

            ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၈၇၄၂) တန်၊ တန်ဖိုး (၁၆.၈၂၄) ဒေါ်လာသန်း၊ ရော်ဘာစိမ်း တင်ပို့မှုအနေဖြင့် တန်ချိန် (၄၂၆)တန်၊ တန်ဖိုး (၀.၅၈၀) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၆၂) တန်၊ တန်ဖိုး(၀.၁၅၈)ဒေါ်လာသန်း၊ ရှောက်ကောပါကော တင်ပို့မှုအနေဖြင့် တန်ချိန်(၅၀)တန်၊ တန်ဖိုး(၀.၀၅၆)ဒေါ်လာသန်း၊ Marble Stoneတင်ပို့မှုအနေဖြင့် တန်ချိန်(၅၀၀)တန်၊ တန်ဖိုး (၀.၀၈၈) ဒေါ်လာသန်း၊ သခွါးမွှေးတင် တင်ပို့မှုအနေဖြင့် တန်ချိန်(၂၅)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း နှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန်(၂၂၉၉)တန်၊ တန်ဖိုး(၁.၃၀၁)ဒေါ်လာသန်း၊ ရွှေဖရုံသီး တန်ချိန်(၆၅)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ငရုတ်သီး(အစိမ်း) တန်ချိန်(၁၇)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၂၅၃) တန်၊ တန်ဖိုး (၀.၄၉၆) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၈၁၇) တန်၊ တန်ဖိုး (၁.၂၄၅) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၉၅၄) တန်၊ တန်ဖိုး (၀.၆၁၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။
 

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်း မဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။