မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂၂-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ချုပ်ပြီးအထည် CMP၊ ငရုတ်ခြောက်၊ ငရုတ်စို၊ဇီးဖြူသီးခြောက်၊နနွင်းတက်နှင့် ပီလောပီနံခြောက်တို့တင်ပို့ခဲ့ပါသည်။
 

       ၂၂-၃-၂၀၂၄ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ချုပ်ပြီး အထည် CMP၊ ငရုတ်ခြောက်၊ ငရုတ်စို၊ ဇီးဖြူသီးခြောက်၊ နနွင်းတက်၊ ပီလောပီနံခြောက် တို့ဖြစ်ပါသည်။
 

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

      ၂၂-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၄၈၄.၆၃) ဒေါ်လာဖြင့် (၁၂၂၃.၆၀၅)တန်၊ (၀.၅၉၃)ဒေါ်လာသန်း၊ချုပ်ပြီးအထည်(၁) တန်လျှင် (၁၆၃၀.၀၉)ဒေါ်လာဖြင့် (၇.၉၇၅)တန်၊(၀.၀၁၃)ဒေါ်လာသန်း၊ ငရုတ်ခြောက် (၁)တန်လျှင် (၁၅၁၉.၅၈)ဒေါ်လာဖြင့် (၂၈၀.၈၈၉)တန်၊ (၀.၄၂၇)ဒေါ်လာသန်း၊ငရုတ်စို(၁)တန်လျှင် (၃၂၆.၂၈) ဒေါ်လာဖြင့်၊ (၁၁၃.၄၀)တန်၊ (၀.၀၃၇)ဒေါ်လာသန်း၊ ဇီးဖြူသီး ခြောက် (၁၄၀.၃၅)‌ဒေါ်လာဖြင့် (၂၈.၅၀)တန်၊ (၀.၀၀၄)ဒေါ်လာသန်း၊ နနွင်းတက် (၁) တန်လျှင် (၂၀၀)ဒေါ်လာဖြင့် (၁၅.၀၀)တန်၊ (၀.၀၀၃)ဒေါ်လာသန်း၊ ပီလောပီနံခြောက်(၁)တန်လျှင်(၁၄၅.၄၄)ဒေါ်လာဖြင့်၊ (၉၉၇.၀၀)တန်၊ (၀.၁၄၅)‌ ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ၂၂-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန် ပစ္စည်းများ (၀.၂၃၇)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၂၂၀)ဒေါ်လာသန်း၊ စက်မှု ကုန်ကြမ်းပစ္စည်းများ(၀.၀၉၇)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၈၈)‌ ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းများ (၀.၀၆၅)ဒေါ်လာသန်း၊ အခြားစက္ကူများ(၀.၀၄၃)‌ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ(၀.၀၃၁)ဒေါ်လာသန်း၊ဆေးဝါးများ (၀.၀၂၆)ဒေါ်လာသန်း၊ ဆပ်ပြာများ (၀.၀၂၄)ဒေါ်လာသန်းနှင့်ကားအပိုပစ္စည်းများ(၀.၀၂၁)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၁) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၂၂ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၃၂၈) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၁.၄၂၀) ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၃၆.၇၄၈) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။