သွင်းကုန်အစားထိုးမီယာစောင်

     မင်္ဂလာဒုံစက်မှုဇုန်မှာ အထည်ချုပ် စက်ရုံကိုပြည်ပမှစက်များဝယ်ယူတပ်ဆင်ပြီး ပင်လယ်ရေကြောင်းမှ စောင်ကြမ်း များကို တရုတ်နိုင်ငံမှ အလိပ်လိုက် တင်သွင်းပြီး စက်ရုံ များတွင် စောင်များကိုဖြတ်ခြင်း၊ ချုပ်လုပ်ခြင်း၊ (Packing) ပြုလုပ်ခြင်းများ ဆောင်ရွက်ပြီး ပြည်တွင်းဈေးကွက်နဲ့ အိန္ဒိယဈေးကွက်သို့ ဖြန့်ဝေတော့မှာဖြစ်ကြောင်း လွယ်ဂျယ်နယ်စပ်ကုန်သည် တစ်ဦးရဲ့ ပြောကြားချက် အရသိရှိရပါတယ်။ စောင်ချုပ်စက်ရုံများကြောင့် ပြည်ပတင်သွင်းမှု အစားထိုးနိုင်မှာဖြစ်သလို အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိလာနိုင်မှာဖြစ်ပါတယ်။ ယခင်က တရုတ်နယ်စပ်မှ စောင်ကြမ်းများ အများအပြား တင်သွင်းခဲ့ရာမှ ယခုအခါ သွင်းကုန်အစားထိုး ကုန်ပစ္စည်းအဖြစ် မီယာစောင်များကို ပြည်တွင်းတွင် ထုတ်လုပ်နေပြီး သွင်းကုန် အစားထိုး ကုန်ပစ္စည်းအဖြစ် မီယာစောင်များ ယခင်ထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက် ရရှိ လာတော့ မှာဖြစ်ကြောင်း ဝမ်းသာစရာ သတင်းကောင်းပါးလိုက်ရပါတယ်။

MMZ (လဂ)