တမူးယာဉ်လိုင်းတာဝန်ခံများကလည်း Individual Trading Card များ ပြုလုပ်ဆောင်ရွက်ကြရန် ကုန်သည်များကို တိုက်တွန်းပေးလျက်ရှိ

တမူးမှရွှေပြည်ကျော်ယာဉ်လိုင်းတာဝန်ခံဦးမြင့်လှိုင်က ၎င်းတို့အနေနဲ့ ကုန်ပစ္စည်းများကို နဝလီသယ် ဆောင်မှုကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ကုန်ပစ္စည်း သယ်ဆောင်ပေးရန် လာရောက်အပ်နံှသော ကုန်သည်များကို တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကဒ် Individual Trading Card များပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပေးသွားမယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကုန်သည်အငယ်နဲ့ အလတ်များ အနေနဲ့ ကုန်သွယ်မှုပိုမို တိုးတက် လာစေရေး၊ မှောင်ခိုပပျောက်ရေး၊ စားသုံးသူ အကာအကွယ်ပေးနိုင်ရေး၊ နိုင်ငံတော်မှ ရရှိရထိုက်တဲ့ အခွန်အခများရရှိနိုင်စေရေးအတွက် Individual Trading Card များ လုပ်ဆောင်ကြဖို့လိုအပ်တယ် လို့လည်း တိုက်တွန်းပြောကြား ခဲ့တယ်လို့သိရပါတယ်။

Source: နကသ(တမူး) ပန်းချယ်ရီ