ဒေသထွက်ဖြင့် ကုန်သွယ်မှု မြှင့်မည်

ကြာသပတေးနေ့ ၂၁ ဖေဖော်ဝါရီလ ၂၀၁၃ 1:45 PM

ပဲမျိုးစုံ ထွက်ရှိတဲ့ ရာသီချိန် ဖြစ်တဲ့ အတွက် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းတိုင်း ဒေသထွက် ပဲမျိုးစုံ အား တစ်ဖက် အိန္ဒိယ နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေး အတွက် သမဝါယမ အသင်းစု မှ ကြိုးစားလျက် ရှိနေပါတယ်။ ကုလားပဲလုံးဝါများ အား ဝယ်ယူ စုဆောင်းထားပြီး ဒေသထွက် ပဲပုပ်စေ့၊ မတ်ပဲ၊ ချင်းပဲ (ပဲယင်း)၊ မြေထောက်ပဲ စတဲ့ ပဲမျိုးစုံ တို့အား လည်း တင်ပို့ နိုင်ရေး အတွက် ကြိုးစားလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။ တစ်ဖက် နိုင်ငံမှ ဝယ်ယူမဲ့ ကုမ္ပဏီ များအား ချိတ်ဆက် ဆောင်ရွက် ပြီးပါက ဒေသထွက် ပဲမျိုးစုံ အား တင်ပို့ သွားနိုင်မည် ဖြစ်ရာ တမူးနယ်စပ် ကုန်သွယ်ရေး ကုန်သွယ်မှု ပမာဏ တိုးတက်လာဖွယ် ရှိကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

လှဌေး(တမူး)