တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ် ( Individual Trading Card) ဖြင့် လုပ်ငန်း ဆောင်ရွက်ရန် အခွင့် အလမ်း ပွင့်လန်း လာပြီ ဖြစ်တဲ့ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်း
တနင်္လာနေ့ ၄ မတ်လ ၂၀၁၃ 10 း 00 AM
နယ်စပ် ကုန်သွယ်ရေး စခန်း (တာချီလိတ်) တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ ခရိုင် ၄ ခရိုင်ဖြစ်သော တာချီလိတ် ခရိုင်၊ ကိုျင်းတုံ ခရိုင်၊ မိုင်းဖြတ် ခရိုင်နှင့် မိုင်းဆတ် ခရိုင်တို့ရှိ ဒေသခံ ပြည်သူ များ လွယ်ကူ စွာဖြင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်း များအား တရားဝင် လမ်းကြောင်း ပေါ်မှ ဆောင်ရွက် နိုင်ရေး၊ ကုန်သည် လုပ်ငန်းရှင် များမှာ ကုန်သည် လုပ်ငန်းရှင် ကြီးများ ကဲ့သို့ ကိုယ်ပိုင် ကုမ္ပဏီ မထူထောင် နိုင်သဖြင့် တရားဝင် အခွန် ဆောင်၍ ကုန်သွယ်မှု လမ်းကြောင်း မှန်ပေါ်တွင် တစ်ပိုင် တစ်နိုင် ပို့ကုန်/ သွင်းကုန် လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး တို့အတွက် ရည်ရွယ်ပြီး တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ် (Individual Trading Card) အား ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ဆောင်ရွက် လုပ်ကိုင် ခွင့်ပြု ပေးထား ပါသည်။
ဒေသ တွင်းရှိ ကုန်သည် ငယ်လေး များအနေဖြင့် တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ် (ITC)အား အထက် ဖော်ပြပါ ခရိုင် (၄) ခရိုင် အတွင်းနေ မည်သူ မဆို မိမိတို့၏ မှတ်ပုံတင် အိမ်ထောင်စု စာရင်း၊ အကျင့် စာရိတ္တ ကောင်းမွန် ကြောင်းနှင့် ပြစ်မှု ကင်းရှင်း ကြောင်း သက်ဆိုင်ရာ ရဲစခန်း ထောက်ခံ ချက်နှင့် ရပ်ကွက် အတွင်း နေထိုင် ကြောင်း ရပ်ကွက် အုပ်ခုျပ် ရေးမှူး ထောက်ခံချက်၊ တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်းဝင် လက်မှတ် တို့ဖြင့် နယ်စပ် ကုန်သွယ်ရေး ညွှန်ကြား ရေးမှူးရုံး (တာချီလိတ်) တွင် လာရောက် လျှောက်ထား ပါက (Individual Trading Card) အား နေ့ချင်း ပြီး ထုတ်ပေးလျက် ရှိပါသည်။
တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ် ကိုင်ဆောင် ထားသော လုပ်ငန်းရှင် များအား နယ်စပ် ကုန်သွယ်မှု နည်းလမ်း (Border Trade) ကျပ်ငွေ ဖြင့် တင်ပို့/ တင်သွင်း ခွင့်ပြု ထားသော Automatic Licence ပစ္စည်း များအား တစ်ဦး လျှင် ၇ ရက် တစ်ပတ် အတွင်း ကျပ်ငွေ သိန်း ၅ဝ အထိ ခွင့်ပြု ပေးလျက် ရှိပြီး နား မလည်သည့် အချက်များ နှင့် အသေးစိတ် သိလိုသည့် အချက်များ ရှိပါက နယ်စပ် ကုန်သွယ်ရေး ညွှန်ကြား ရေးမှူး ရုံး (တာချီလိတ်) တွင် လာရောက် မေးမြန်း ဆောင်ရွက် နိုင်ပါ သည်။
တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ် များအား ၂ဝ၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ စတင် ထုတ်ပေး ဆောင်ရွက် ပေးလျက် ရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အတွင်း (ITC) လာရောက် လျှောက်ထား သူ ၁၂ ဦး အထိ ရှိခဲ့ပြီး သွင်းကုန် လိုင်စင် ၄ စောင်ဖြင့် တန်ဖိုး (၁၄၄၄၈၃၆၅) ကျပ် ဆောင်ရွက် နိုင်ခဲ့ကြောင်း တွေ့ရှိ ရပါသည်။ အဓိက လျှောက်ထား သည့် သွင်းကုန် ပစ္စည်း များမှာ အထည် မျိုးစုံ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ဖိနပ်၊ ဆပ်ပြာမှုန့်၊ မန်ကျည်း ချိုသီး၊ သရက်သီး၊ ဒူးရင်းသီး စသည်တို့ ဖြစ်ကြ ပါသည်။
တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ်ဖြင့် လုပ်ငန်း ဆောင်ရွက် လျက်ရှိသော ကုန်သည် များသည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကုန်သည် အငယ်လေးများ ဖြစ်သည့် အားလျော်စွာ ၎င်းတို့ ဒေသ အတွင်း အဓိက လိုအပ်ချက် ဖြစ်သော စားသောက် ကုန်များအား (ITC) ဖြင့် တရားဝင် သယ်ဆောင် လိုသည့် ဆန္ဒ ရှိကြ သော်လည်း အဆိုပါ စားသောက်ကုန် ပစ္စည်း များမှာ (FDA) ထောက်ခံ ချက်ဖြင့်သာ သယ်ဆောင် ရမည့် ပစ္စည်းများ ဖြစ်သဖြင့် လိုင်စင် လျှောက်ထား ရန် အခက် အခဲ ဖြစ်ပေါ် နေကြောင်း၊ တာချီလိတ် နယ်စပ် တွင် (FDA) ရုံးခန်း ဖွင့်လှစ် ပေးစေ လိုကြောင်း၊ (ITC) ဖြင့် ဆောင်ရွက် နေသည့် လုပ်ငန်းရှင် ငယ်လေး များထံမှ ကြားသိ ရပါသည်။
ထို့အပြင် သွင်းကုန် လိုင်စင် လျှောက်ထား ပါက ကျပ် ၁ဝ သိန်း ကျော်လျှင် သွင်းကုန် လိုင်စင် ကြေး ၅ဝဝဝဝ ကျပ် ပေးသွင်း ရန် သတ်မှတ် ထားချက် အရ (ITC) ကိုင်ဆောင် ထားသူ များမှာ ကျပ်သိန်း ၅ဝ အထိ သာ လျှောက်ထား ခွင့်ပြု သဖြင့် သွင်းကုန် လိုင်စင် ကြေးအား ကျပ်သိန်း ၅ဝ အထက် လျှောက် ထားခွင့် ရှိသည့် ကုမ္ပဏီ တည်ထောင် ထားသော လုပ်ငန်းရှင် ကြီးများ နှင့် တပြေးညီ မသတ် မှတ်ဘဲ သီးခြား လျော့ပေါ့ သတ်မှတ် ပေးစေ လိုသည့် ဆန္ဒ ရှိနေကြ ကြောင်းနှင့် လိုင်စင် သက်တမ်း အား ၇ ရက်သာ ပေးထား သဖြင့် ကျပ်သိန်း ၅ဝ လျှောက်ထား သည့် ကုန်သည် တစ်ဦး အနေဖြင့် အရင်း အနှီး နည်းသဖြင့် တစ်နိုင် တစ်ပိုင် သယ်ဆောင် ခြင်းအား တစ်ကြိမ် လျှင် ကျပ် ၁ဝ သိန်း ဝန်းကျင် ခန့်သာ သယ်ဆောင် နိုင်သော ကြောင့် ၅ ခေါက်ခန့် သယ်ဆောင် ရန် သွင်းကုန် လိုင်စင် သက်တမ်း ၇ ရက်မှာ နည်းလွန်း သဖြင့် သက်တမ်း ထပ်မံ တိုးပေး စေလိုသည့် ဆန္ဒ ရှိနေကြ ကြောင်း သိရှိ ရပါ သည်။
ထို့အပြင် တရားမဝင် ကုန်ပစ္စည်း များ တင်ပို့/ တင်သွင်း နေမှု များအား စခန်း ထုတ်နှုတ် အင်အားဖြင့် ဆောင်ရွက် လျက် ရှိသည့် (Mobile Team) မှ ကြပ်ကြပ် မတ်မတ် စစ်ဆေး ဆောင်ရွက် နေမှုများ ကြောင့် တရားဝင် လမ်းကြောင်း ပေါ်မှ သွားမှသာ မိမိတို့ လုပ်ငန်းများ ရေရှည် အဆင်ပြေ ချောမွေ့ လာမည် ကို သိရှိ နေကြပြီ ဖြစ်သည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် အရှေ့ ပိုင်းရှိ ဒေသခံ ပြည်သူများ အနေဖြင့် ကုမ္ပဏီ လုပ်ငန်းရှင်ကြီး များကဲ့သို့ တရားဝင် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် တစ်ဦးချင်း ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် လက်မှတ် (Individual Trading card) အား နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ရုံး (တာချီလိတ်) တွင် နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိနေပြီ ဖြစ်သည့် အပြင် မိမိတို့နှင့် လုပ်ဖော် ကိုင်ဖက် တစ်ပိုင် တစ်နိုင် လုပ်ငန်းရှင် အချို့မှာ လည်း တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိ နေပြီ ဖြစ်ခြင်း၊ တရားမဝင် ကုန်ပစ္စည်း များ တင်ပို့/ တင်သွင်း နေမှု များအား စခန်း ထုတ်နှုတ် အင်အားဖြင့် ဆောင်ရွက် လျက်ရှိသော (Mobile Team) မှ ကြပ်ကြပ် မတ်မတ် စစ်ဆေး ဆောင်ရွက် နေမှု များကြောင့် တရားဝင် လမ်းကြောင်း ပေါ်မှ သွားမှသာ မိမိ လုပ်ငန်းများ ရေရှည် အဆင်ပြေ ချောမွေ့ လာမှာ ဖြစ်ပါသည်။ ရေရှည်မှာ (Individual Trading Card) ဖြင့် လုပ်ငန်း မဆောင်ရွက်ဘဲ တရား မဝင် ကုန်ပစ္စည်း များအား ဆက်လက် သယ်ဆောင် နေသော ကုန်သည် ငယ်လေးများ အနေဖြင့် ၎င်းတို့ အကျိုးစီးပွားသာ ထိခိုက် လာစေမည် ဖြစ်ကြောင်း နှင့် လမ်းကြောင်း မှန်ပေါ်မှ ကုန်သွယ်မှု ဆောင်ရွက် ကြရန် အချိန် အခါ ကောင်းသို့ ရောက်ရှိ နေပြီ ဖြစ်ပါ ကြောင်း ရေးသား တင်ပြ လိုက်ရ ပါသည်။
ဇော်ဝမ်း (တခလ)