Mobile Team အဖွဲ့ကို တာဝန်သိတဲ့ ပြည်သူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့
တနင်္လာနေ့ ၁၁ မတ်လ ၂၀၁၃ 03 း 05 PM
နိုင်ငံတော် အစိုးရ အနေနဲ့ ရေရှည် တည်တံ့ ခိုင်မြဲပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင် ကုန်သွယ်မှု ပြူနိုင်မဲ့ အနာဂတ် နိုင်ငံတော် အတွက် စိတ်ဓါတ် ကြံ့ခိုင် ကောင်းမွန် အရည်အချင်း ပြည့်ဝတဲ့ စီးပွားရေး လုပ်ငန်း ရှင်များ ဖြစ်လာအောင် အလေ့ အကျင့် ကောင်းများ ရရှိရေး အဖက်ဖက်မှ ပံ့ပိုး ကူညီပြီး ရည်ရွယ်ပျိုး ထောင်စီမံ ဆောင်ရွက် ပေးနေပါတယ်။ တရားမဝင် (မှောင်ခို) ကုန်သွယ်မှု များကိုလည်း ထိထိ ရောက်ရောက် တားဆီး ဆောင်ရွက် လျက်ရှိရာ တာဝန်သိပြီး တာဝန်ရှိတဲ့ ပြည်သူ များက စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) ကို တစ်ဖက် တစ်လမ်းမှ သတင်း ပေးပို့ ကူညီဆောင်ရွက် ပေးနေကြတဲ့ အတွက် ထိရောက်တဲ့ တားဆီး အရေးယူမှုများ ဆောင်ရွက် နိုင်ခဲ့ပါတယ်။........... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)
သာဓက အနေဖြင့် ၂၆-၂-၂ဝ၁၃ ရက်နေ့ ၁၃း၁၅ နာရီတွင် မူဆယ်-မန္တလေး လမ်းကြောင်း ပေါ်ရှိ (Mobile Team) အဖွဲ့သို့ တာဝန်သိ ပြည်သူ တစ်ဦး၏ သတင်း ပေးပို့ချက် အရ ကျောက်မဲမှ နောင်ချိုသို့ မောင်းနှင် လာတဲ့ လိုင်စင်မဲ့ ထော်လာဂျီ (၁) စီးနှင့် အတူ ၎င်းအပေါ်မှ တာယာ များညှပ်ပြီး တရားမဝင် တင်သွင်း လာတဲ့ လိုင်စင်မဲ့ ထော်လာဂျီ အဟောင်း (ပုစဉ်းခေါင်းပုံ) ထော်လာဂျီ (၁) စီးတို့ကိုပါ သိမ်းဆည်း နိုင်ခဲ့ပါတယ်။ အလားတူ ကျောက်မဲမြို့တွင် ကုန်တင်ယာဉ် (၂) စီး၊ အကောက် ခွန်မဲ့ပစ္စည်း တင်ဆောင် လာကြောင်း ပြည်သူ တစ်ဦး၏ သတင်းပေးပို့ လာမှုအရ (Mobile Team) ထုတ်နှုတ် အင်အား အဖွဲ့မှ သတင်း ခိုင်မာမှု၊ အချိန်နှင့် ခရီး အကွာအဝေး ကိုတွက် ချက်ပြီး သွားရောက် စစ်ဆေး တားဆီးစဉ် ဟိုခိုမှ ပြင်ဦးလွင် ဘက်သို့ မောင်းနှင် နေတဲ့ ကုန်တင်ယာဉ် (၂) စီးအား တွေ့ရှိပြီး နောက်ယောင်ခံ လိုက်ပါခဲ့ရာ စာပန်း အိမ်ဘော်ဒါ ဆောင်အနီး တွင် ကုန်တင်ယာဉ် (၁) စီးအား တားဆီး နိုင်ခဲ့ပြီး တရားမဝင် တင်သွင်းလာတဲ့ ခြင်ဆေးခွေ (၄၈၅) ဖာ၊ ပဲပုတ်ဆီ (၁၈ဝ) ဖာ နှင့် အနီးစခန်း နှီးဘုရားအနီးတွင် နောက်ကုန် တင်ယာဉ် (၁) စီးပေါ်မှ တရားမဝင် တင်သွင်း လာတဲ့ တရုတ် နိုင်ငံလုပ် ခြင်ဆေးခွေ (၆ဝဝ) ဖာအား ထပ်မံ သိမ်းဆည်း နိုင်ခဲ့ပါတယ်။
အထက်ပါ ဖြစ်စဉ်များအရ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) ရဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဆောင်ရွက်နေမှု အပေါ် ထိရောက် အောင်မြင်အောင် တာဝန် သိတဲ့ ပြည်သူများက ပူးပေါင်း ပါဝင် ဆောင်ရွက် လာခဲ့တာကို တွေ့ရှိရပြီး ပြည်သူ တစ်ရပ်လုံးက အလေးထား အားပေး ကူညီဝိုင်းဝန်း ဆောင်ရွက်မည် ဆိုပါက မဝေးတော့သည့် အနာဂတ်တွင် ပြည်သူ တစ်ရပ်လုံး မျှော်လင့်ေ တာင့်တနေသည့် နိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ရှိပြီး ကမ္ဘာ့ အလယ်တွင် ဝင့်ထည် လာနိုင်မည်မှာ မလွဲ ဧကန်ဖြစ်ပါတော့တယ်။
ရွှေမြိုင်သား