တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်း အနေဖြင့် ITC ကတ် အတွက် အဆင်ပြေပြေ ဆောင်ရွက် ပေးသွား မည်ဖြစ်

ကြာသပတေးနေ့ ၂၁ မတ်လ  ၂၀၁၃ 11 း 25 AM

ITC ကတ် ပြုလုပ်ရာမှာ တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်း ကုန်သည် အသင်းဝင် ဖြစ်ရန် လိုအပ်တဲ့ အတွက် ကိုျင်းတုံမှ လာရောက်ပြီး ITC ကတ်ပြုလုပ်သူများမှာ ၎င်းတို့ အနေဖြင့် ကိုျင်းတုံတွင် ကုန်သည် အသင်းဝင် ပြီးဖြစ်တဲ့ အတွက် တာချီလိတ်တွင် ထပ်မံဝင် ရပါက ငွေကြေး ပိုမို ကုန်ကျကြောင်း တာချီလိတ် ထက် ကိုျင်းတုံက အသင်းဝင်ကြေး မှာလည်း ပိုမို သက်သာကြောင်း ပြောကြားလာမှု များရှိလာတယ်လို့ တာချီလိတ်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှာ ကျင်းပ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေး ပွဲမှာ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်းမှ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အခြား နယ်စပ် စခန်းများကို စုံစမ်းကြည့် ရာမှာ မူဆယ်တွင် အသင်းဝင်ကြေး ၁ သိန်းနှင့် နှစ်စဉ်ကြေး တစ်နှစ်လျှင် ၃ သောင်း ခြောက်ထောင်ကျပ် နှုန်းဖြင့် (၃) နှစ်စာအတွက် ၁ သိန်း ၈ ထောင်နှင့် အထွေထွေ ရန်ပုံငွေ အတွက် ၁ သောင်းကျပ် ကောက်ခံပြီး ITC ကတ် အတွက် အသင်းဝင်ကြေးနှင့် တစ်နှစ်စာ အတွက် ၅ သောင်း ကျပ်သာ ကောက်ခံပြီး၊ မြဝတီ ITC ကတ် အနေဖြင့်     ကုန်သွယ်မှု ပြုလုပ်သူများ အသင်း ဝင်ကြေးအား နှစ်သောင်း ငါးထောင်ကျပ် ကောက်ခံပါကြောင်း၊ တမူး နယ်စပ် ကုန်သည်ကြီးများ အသင်းအနေဖြင့် ကုမ္ပဏီများ အတွက် ကနဦး အသင်းဝင်ကြေး ၁ သောင်းကျပ်နှင့် နှစ်စဉ်ကြေး (၁) လ လျှင် နှစ်ထောင် နှုန်းဖြင့် နှစ်သောင်း လေးထောင်ကျပ် ကောက်ခံပြီး ITC ကတ် ကိုင်ဆောင်သူများ အတွက် ကနဦး အသင်ဝင်ကြေး ၁ သောင်းကျပ်နှင့် နှစ်စဉ်ကြေး ငါးထောင်ကျပ်သာ ကောက်ခံပါကြောင်း၊ တာချီလိတ် နယ်စပ် ကုန်သည်ကြီးများ အသင်းအနေဖြင့် ITC ကတ်အတွက် အသင်းဝင်ကြေးနှင့် နှစ်စဉ် ကြေးကို ကုမ္ပဏီကြီးများ နည်းတူ ကောက်ခံ နေကြောင်း ပြောကြား လာမှုများ ရှိနေတယ်လို့ သိရပါတယ်။ တာချီလိတ် နယ်စပ် ကုန်သည် အသင်း ဥက္ကဌ ဦးမြင့်ဦးအောင်မှ ITC ကတ် ထုတ်ယူ နိုင်ရန် အတွက် ကုန်သည် အသင်းဝင် ကတ် ပြုလုပ် ပေးရာ၌ အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး ကောက်ခံမှုတွင် မိမိတို့ရဲ့ အသင်းရုံး ဖွင့်လှစ်ရန် လုံးပန်း နေရသဖြင့် မစဉ်းစားခဲ့ရဘဲ ယခင် ကုမ္ပဏီကြီးများ နည်းတူ ကောက်ခံ ခဲ့ရ သဖြင့် ၎င်းကိစ္စကို အမှုဆောင်များ စုပေါင်း ညှိနှိုင်း တိုင်ပင်ကာ အဆင် ပြေပြေ ဆောင်ရွက် ပေးသွားမယ်လို့ ပြောကြား ခဲ့ကြောင်း သတင်း ရရှိပါတယ်။

 

Source ကသရ (တခလ)                                         ခင်မိုးသူ