မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်မှ မြေပဲဆံ ကန်ဒေါ်လာ ၃ သန်းကျော်တင်ပို့

ဗုဒ္ဓဟူးနေ့ ၂၄ ဧပြီလ  ၂၀၁၃ 10 :15  AM

မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်မှ မတ်လတွင် ကန်ဒေါ်လာ ၃ ဒသမ ၁၆၃ သန်းတန် ဖိုးရှိ မြေပဲဆံ ၁၉၁၇ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလထက် ၃၈၄ တန်နီး ပါးတင်ပို့မှု လျော့နည်း ခဲ့ပါတယ်။ မိမိဘက်မှ မြေပဲများကို တစ်ဖက်နိုင်ငံ တွင်မုန့်လုပ် ငန်းများနဲ့ စားသုံးဆီ အဖြစ်အ သုံးပြုကြောင်း၊ မဲဆောက်မှ တဆင့်ဘန် ကောက်ဈေး ကွက်အထိ တင်ပို့ကြောင်းနဲ့ ဘန်ကောက် မှတဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ ပြန်လည် တင်ပို့ကြောင်း သိရှိရပါတယ်။ ယခုလ အတွင်းပြည် တွင်းမှာ မြေပဲဈေး အနည်းငယ် တက်လာခြင်း၊ ကုန်ပစ္စည်း ထွက်ရှိမှု လျော့ကျလာခြင်း၊ ပစ္စည်း ရရှိရန် ခက်ခဲခြင်း များကြောင့် တင်ပို့ နိုင်မှုကျ ဆင်းခဲ့ ပါတယ်။ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်ရဲ့ ဇန်နဝါ ရီလမှ မတ်လ ထိမြေပဲ ဆံတင် ပို့မှုမှာ ၇၄ဝ၂ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁၂ သန်းနီးပါး တင်ပို့ နိုင်ခဲ့ပါတယ်။

ခင်မြနွယ်     (MIRT)