မတ်လ နှောင်းပိုင်း တမူးစခန်း ကုန်သွယ်မှု အခြေအနေ

ဗုဒ္ဓဟူးနေ့ ၂၄ ဧပြီလ  ၂၀၁၃ 10 :30  AM

ကူးသန်း ရောင်းဝယ် ရေးနှင့်စား သုံးသူရေး ရာဦးစီးဌာန (တမူး) စခန်းအနေနဲ့ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်ထိ ကာလ အတွင်း ပို့ကုန် သုည ဒသမ ၂၆၆ ဒေါ်လာသန်း၊ သွင်းကုန် သုည ဒသမ ၂၄၄ ဒေါ်လာသန်း၊ ကုန်သွယ် မှုပမာဏ သုည ဒသမ ၅၁ဝ ဒေါ်လာသန်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ပို့ကုန် ပစ္စည်းများမှာ ကွမ်းသီး ၁ဝဝ တန်၊ ငါးလေးခြောက် ၄ တန်၊ မျောက်ငိုသီး ၅ တန်၊ စီးကရက် ၁၁ ဒသမ ၄ တန်နဲ့ နန့်ဖာ လုံကုန်စုံ များဖြစ် ပါတယ်။ သွင်းကုန် ပစ္စည်း များမှာ ဂုံျစေ့ ၄၄ တန်၊ စပျစ် သီးခြောက် ၅ တန်၊ ချည် ၃ တန်နဲ့ ဆံပင်၊ ချွတ်ဆေးမှုန့်၊ နိုင်လွန်ချည် တို့ဖြစ်ပါတယ်။ တစ်ဆင့် သယ်စနစ် TT နှင့် အိန္ဒိယ နိုင်ငံမှ တရုတ် နိုင်ငံသို့ Benovate-N (ယားနာ လိမ်းဆေး) ၂၅ ဒသမ ၂ တန်၊ တန်ဖိုး သုည ဒသမ ၂၁ဝ ဒေါ်လာ သန်းဖိုး တင်သွင်း ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ITC ကတ်နဲ့ ပို့ကုန် လုပ်ငန်း ဆောင်ရွက်မှု မရှိ သော်လည်း သွင်းကုန် အနေနဲ့ ဘတ္ထရီအိုး၊ ပုဆိုး၊ ဖိနပ်၊ ပိတ်ဖြတ် စများ သုည ဒသမ ဝ၁၁ ဒေါ်လာ သန်းဖိုး တင်သွင်း နိုင်ခဲ့ကြောင်း တင်ပြ လိုက်ရ ပါတယ်။ တမူး စခန်းရဲ့ မတ်လ တစ်လ လုံးမှာ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၂ဝ၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၅၈၃ သန်းနဲ့ ကုန်သွယ် မှုပမာဏ ၁ ဒသမ ၇၈၉ သန်းဆောင် ရွက်နိုင် ခဲ့တယ်လို့ သိရ ပါတယ်။ မတ်လ အတွင်း အများဆုံး တင်ပို့နိုင် ခဲ့တဲ့ အများဆုံး ပို့ကုန် ပစ္စည်း တွေကတော့ ကွမ်းသီး ခြောက်၊စီး ကရက်၊ နေကြာစေ့၊ ပလပ်စ တစ်အိတ်နဲ့ ဖယောင်း တိုင်တို့ဖြစ်ပြီး အများဆုံး တင်သွင်း နိုင်တဲ့ပစ္စည်း များမှာ ယားနာ လိမ်းဆေး၊ ဂုံျမှုန့်၊ ဂုံျစေ့၊ ဇာတိဖ္ပိုလ် သီးနဲ့မော် တော်ဆိုင် ကယ်တို့ ဖြစ်တယ် လို့သိ ရပါတယ်။

စံဖြိုးဝေ  (တမူး)