လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၂-၁၁-၂၀၂၃) မှ (၂၆-၁၁-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၃၂၆.၅၀) တန်၊ တန်ဖိုး (၀.၇၃၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၀၅၅.၇၅) တန်၊ တန်ဖိုး (၀.၄၅၉) ဒေါ်လာသန်း၊ ပြောင်း (၁၇၀၀.၀၀)တန်၊ တန်ဖိုး (၀.၄၄၂)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၃၇၁.၀၀) တန်၊ တန်ဖိုး (၀.၁၁၁) ဒေါ်လာသန်း၊ ဖရဲသီး (၁၂၄.၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ သခွားမွှေး (၄၆.၅၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီးတစ် တန်လျှင် (၁၅၀)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၄၀၉၈၀၀) U၊ တန်ဖိုး (၀.၀၅၇) ဒေါ်လာသန်း၊ စက္ကူလိပ် (၇.၅၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၃၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ရိတ်သိမ်းခြွေလှေ့စက် (၃) U ၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ ထွန်စက် (၃) U၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ မြက်ခင်းတု (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စောင် (၇.၁၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကြက်အူချောင်း (၃၇.၅၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာ သန်း၊ ဂျပ်စက္ကူ (၃၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ဖော့ (၁၁.၅၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ကုန်စုံ (၃၈.၂၀) တန်၊ (၃၀၃) U၊တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂) ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အားမန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၂၁-၁၁-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၆၅) ကျပ်ဖြစ်ခဲ့ပြီး ၂၆-၁၁-၂၀၂၃ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတက်ခဲ့ကြောင်း သိရှိရပါသည်။