လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၂)ရက်ကြာကျင်းပပြုလုပ်

လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အလှည့်ကျဥက္ကဌဖြစ်သူ စီးပွားရေးနှင့်ကူးသန်းေရာင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သြစတြေးလျယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာကော်မရှင်မှ General Manager ဖြစ်သူ Mr. Bruce Cooper မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံဒေသတွင်း လေကြောင်းကဏ္ဍတွင် ကြုံတွေ့နေရသည့် ယှဉ်ပြိုင်မှုဆိုင်ရာအခက်အခဲများကို ဆွေးနွေးဖြေရှင်းနိုင်ရန်နှင့် အာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်များနှင့် လေကြောင်းကဏ္ဍမှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များအကြား အတွေ့အကြုံများ ဖလှယ်နိုင်စေရန်ဖြစ်ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်များနှင့် လေကြောင်းကဏ္ဍမှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ၊ သြစတြေးလျယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာကော်မရှင်မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူ များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။