ပင်လယ် ရေကြောင်းမှ ရော်ဘာ တင်ပို့မှု တန်ချိန် ၅ဝဝ ရှိ

တနင်္လာနေ့  ၄ မတ်လ  ၂၀၁၃  10 း 15 AM

ဖေဖော် ဝါရီလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလ အတွင်း ပင်လယ် ရေကြောင်း မှ ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်း တန်ဖိုး ရှိ ရော်ဘာ အဆင့်စုံ တန်ချိန် ၅ဝဝ ကို တင်ပို့ နိုင်ခဲ့ ပါတယ်။ တင်ပို့မှု တွေကတော့ စင်္ကာပူ နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်း တန်ဖိုးရှိ RSS-3 တန်ချိန် ၁၆ဝ၊ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်း တန်ဖိုးရှိ RSS-3 တန်ချိန် ၃ဝဝ နှင့် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်း တန်ဖိုးရှိ MSR-20 တန်ချိန် ၄ဝ တို့ ဖြစ်ပါ တယ်။ နိုင်ငံ တကာ ရော်ဘာ ပေါက်ဈေးမှာ အနည်းငယ်သာ အတက် ရှိသဖြင့် မြန်မာ နိုင်ငံ ရော်ဘာ ပေါက်ဈေးမှာ ယခင် အပတ် အတိုင်း ပြောင်းလဲမှု မရှိတာကို တွေ့ရ ပါတယ်။ RSS-1 တစ်တန် လျှင် ဒေါ်လာ ၃ဝ၅ဝ-၃၁၅ဝ၊ RSS-3 နဲ့ MSR -20 တစ်တန် လျှင် ဒေါ်လာ ၂၉၅ဝ-၃ဝ၅ဝ၊ RSS-5 နဲ့ MSR-50 တစ်တန် လျှင် ဒေါ်လာ ၂၈၅ဝ-၂၉၅ဝ၊ MSR-10 တစ်တန် လျှင် ဒေါ်လာ ၃ဝဝဝ-၃၁ဝဝ၊ Crepe Rubber တစ်တန် လျှင် ဒေါ်လာ ၂၇၅ဝ-၂၈၅ဝ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရော်ဘာ စိုက်ပျိုး သူများနဲ့ ထုတ်လုပ် သူများ အသင်းက ထုတ်ပြန် ထားပါ တယ်။

MIRT(DOBT)